Chapter - 22.1 [Uni+Zawgyi]

199 29 0
                                    

ဂြိုဟ်သားတစ်ကောင်က ရုတ်တရပ်ကြီးထွက်လာကာ ငါတို့က ငြိမ်းချမ်းရေးရှာတဲ့မျိုးနွယ်ပါလို့ ပြောရင် ဘယ်လူသားက ချက်ခြင်းယုံပါ့မလဲ။

ဒါပေမယ့် ကျောထောက်နောက်ခံဖြစ်သည့် ရှီချင်း၏ကြီးမားတဲ့ စက်ရုပ်စစ်တပ်ကြီးကြောင့် သူ့စကားများအား ချက်ခြင်းပင်ယုံကြည်ခဲ့ကြပါတယ်။

သူတို့က အင်းဆက်တွေကို ထွက်သွားအောင်လုပ်ပေးမယ်လို့ ပြောခဲ့တာပဲလေ။

ယင်မင်ကျန်းသည် လူသားများနှင့် စက်ယန္တရားမျိုးနွယ်ကြား မဟာမိတ်ဖွဲ့ကြောင်း ကြေငြာခဲ့သည်။ ထို့နောက်သူသည် စွမ်းရည်အသုံးပြုသူများနှင့် စက်ရုပ်များအား ဦးဆောင်ကာ စစ်ပွဲထဲသို့ အတူတူခေါ်ဆောင်သွားခဲ့ပြီး အင်းဆက်များအား မောင်းထုတ်သည်အား အပြီးသတ်ခဲ့သည်။

စက်ယန္တရားမျိုးနွယ်ပါဝင်ခဲ့သည့် ထိုတိုက်ပွဲသည် လူသားတို့စိတ်ထဲ အမြဲစွဲထင်ကျန်ရစ်နေခဲ့သည်။

ထိုနေ့တွင် စက်ယန္တရား-လူသား သမဂ္ဂသည် အင်းဆက်များနှင့် အပစ်အခတ်ရပ်စဲရေးအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အင်းဆက်များမှာ ငြင်းဆန်ဖို့အခွင့်အရေးပင် ရှိမနေပါ။ ဘာလို့ဆို သူတို့ဘာမှမပြောနိုင်ခင် အထုအထောင်းခံထားရသည်ကိုး။

နောက်ဆုံးတွင်တော့ သူတို့သည် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

အင်းဆက်မျိုးနွယ်များသည် ၎င်းတို့အသက်ရှင်နေသမျှကာလပတ်လုံး အခြားဂြိုဟ်များအား ဘယ်သောခါမှ ကျူးကျော်တိုက်ခိုက်ရတော့မည်မဟုတ်ပေ။

၎င်းတို့သည် ကျူးကျော်မှုများမလုပ်ရတော့သည်သာမက စက်ယန္တရားမျိုးနွယ်များအားအတုယူ၍ စကြဝဠာအားဖြတ်ကာ ကျူးကျော်တိုက်ခိုက်သူများအား တိုက်ထုတ်ပေးရဦးမည်ဖြစ်သည်။

ဆန္ဒအလျောက်ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်ဟာ စစ်ပွဲမီးလျှံတွေပြည့်နေတဲ့ စေ့စပ်ဆွေးနွေးရေးစားပွဲရှေ့ လက်မှတ်ရေးထိုးရန် တုန်ယင်စွာရပ်နေခဲ့သည်။ ကြောက်မက်ဖွယ်ရာအစစ်ဖြစ်သည့် ကျူးကျော်သူ ရှီချင်းအား ကြောက်လန့်စွာလှမ်းကြည့်ရင်း စာချုပ်ပါအကြောင်းအရာများအား အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖတ်တော့သည်။ " အင်းဆက်မျိုးနွယ်သည် ငြိမ်းချမ်းသောမျိုးနွယ်စု တစ်ခုဖြစ်လာပါ့မည်။ စက်ယန္တရားမျိုးနွယ်လိုမျိုး..... "

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now