Chapter - 19.1 [Uni+Zawgyi]

366 58 0
                                    

ကျောက်မြောင်မြောင်မှာ သေမလိုလန့်သွားခဲ့သည်။

ရှီချင်းက ဂြိုလ်သားတစ်ကောင်ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေကို သူမထွင်ပြီးလျှောက်ဖြန့်ခဲ့ပေမယ့် အဲဒါတွေက အမှန်လို့ သူမလည်းထင်ခဲ့ဘူး။

ဟုတ်တယ်!

ဟုတ်တာပေါ့ သူကတကယ်ကို ဂြိုလ်သားတစ်ကောင်ပဲ!!

သူမမြေပြင်ပေါ်တွင်ရပ်ကာ ကောင်းကင်ပေါ်၌ ပိုပိုများလာသော စက်ရုပ်များအား တောင့်တင်းစွာမော့ကြည့်နေမိသည်။ ၎င်းတို့အားလုံးကို ငွေရောင်ချပ်ဝတ်တန်ဆာဖြင့် တပ်ဆင်ထားကာ တစ်ကောင်စီသည် လူထက်ဝက်ခန့် ရှည်ကြသည်။ ၎င်းတို့ကိုင်ဆောင်ထားသည့် အမျိုးမျိုးသော လက်နက်များထဲမှ တစ်ခုသည် အဆောက်အအုံတစ်ခုကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

၎င်းတို့သည် အရင်က အခြေစိုက်စခန်းကို ဝိုင်းကာ လူသားတွေအား ယင်မင်ကျန်း ကိုထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့တာ။

ယင်မင်ကျန်း ပြန်ရောက်လာတဲ့အခါ သူက ရှီချင်း ကိုပါခေါ်လာခဲ့သည်။

သူဒါကိုစောစောက ဘာလို့ သတိမထားမိခဲ့ရတာလဲ!!

တစ်ခုခုကို ခက်ခက်ခဲခဲတွေးနေသည့် ကျောက်မြောင်မြောင် ကိုကြည့်ကာ ရှီချင်းစိတ်ဝင်စားသွားခဲ့သည်။ သူသည် ထိုမိန်းမဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်၏။

"အား-"

အမျိုးသမီးတစ်ဦး၏ ကြောက်လန့်တကြားအော်သံ ထွက်ပေါ်လာခဲ့သည်။ ရှီချင်း ဘာမှမလုပ်နိုင်ခင်မှာပဲ သူမကကြောက်လန့်တကြားထအော်ပြီးနှင့်ပါပြီ။ "ငါ့ကိုမသတ်ပါနဲ့!! ငါ့ကိုမသတ်ပါနဲ့!!!"

"အဲ့ဒါအင်းဆက်တွေလုပ်တာပါ!! သူတို့က ငါ့ကိုတွန်းအားပေးပြီး ဒီလိုလုပ်ခိုင်းတာ။ အဲ့ဒါအားလုံးကသူတို့အပြစ်ပဲ၊ ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့နော်..."

ကျောက်မြောင်မြောင် ထံမှ လက်ညိုးထိုးပြခံလိုက်ရသည့် ခေါင်းဆောင်အင်းဆက် - "???"

စက်ယန္တရားမျိုးနွယ်ဝင်တစ်ဦးကို ပြန်ပေးဆွဲရဲတဲ့ ကျောက်မြောက်မြောင်ကိုတောင် သူတို့အပြစ်မတင်ရသေးပေမယ့် ဒီလူသားမိန်းမက ငါတို့စီတောင် အပြစ်လွှဲချလိုက်သေးတယ်လား!

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now