Chapter - 15.2 [Uni+Zawgyi]

529 90 2
                                    

အားလုံးထဲမှာ အပျော်ဆုံးသူကတော့ ရှီချင်းပါပဲ။

သူသည် ပျော်ရွှင်စရာ လှုပ်ရှားမှုများအားလုံးကို ကစားခဲ့ပြီး လျှောက်လှည့်ပတ်ကြည့်နိုင်ကာ သူလိုချင်သမျှကို ဝယ်နိုင်သေးသည်။ နေ့တိုင်း သူသည် ယင်မင်ကျန်းမကြိုက်သော ၀တ်စုံအသစ်များကို လဲဝတ်လေ့ရှိသည်။  သူလဲ့ယိုယွမ်ကို ပြောလိုက်သရွေ့ သူတောင်းသမျှကို ရနိုင်သည်။ လဲ့ယိုယွမ်မှာ အချိန်တိုင်းလိုလိုရက်ရောသူလေးဖြစ်နေသည်။ တားမြစ်မြို့တော်လိုချင်သည်ဟု တောင်းခဲ့ရင်တောင် သူဟာဆောက်ဖို့ နည်းလမ်းရှာပါလိမ့်မယ်။

ထို့အပြင် မုန်းတီးမှုတန်ဖိုးသည်လည်း လျင်မြန်စွာကျဆင်းလာခဲ့သည်။

လူတွေက တကယ့်ကို အယုတ်တမာတွေပါ။

မုန်းတီးမှုတန်ဖိုးသည် သူ့ဘေးတွင်နေကာ ချစ်ဖို့ကောင်းအောင်နေပြချိန်တွင် ခေါင်းမာမာနဲ့ ကျဆင်းဖို့ငြင်းဆန်ခဲ့တာ။

သူအိမ်ကထွက်ပြေးလာတော့မှပဲ ကျောက်တုံးပြုတ်ကျသလို ဖုတ်ခနဲပြုတ်ကျသွားတယ်တဲ့လေ။

ရှီချင်းသည် အကြီးဆုံးနှင့် ဇိမ်အရှိဆုံးအခန်းများတွင် နေထိုင်ခဲ့သည်။ ကြမ်းပြင်ကို ကော်ဇောဖြူဖျော့ဖျော့ဖြင့် ဖုံးအုပ်ထားသည်။ ပြတင်းပေါက်မှနေရောင်သည် နံရံတစ်ခုလုံးကို လွှမ်းခြုံလို့ထားသည်။ လက်ရာမြောက်သော ခေါင်းအုံးအချို့သည်လည်း ပြန့်ကျဲလို့နေပါသည်။ နေ့ခင်းဘက်တွင် လူငယ်လေးသည် ကော်ဇောပေါ်တွင် တစ်ရေးတစ်မော အိပ်စက်တတ်ပြီး ဆိုဒ်ကြီးအင်္ကျီကြီးကိုလည်း အမြဲဝတ်ထားတတ်သည်။

သူနိုးလာချိန်၌ သက်တောင့်သက်သာ ဟိုလှည့်သည်လှည့်ခြင်းမပြုမီ ကြောင်လေးတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဆန့်ကာအကြောဆန့်ရသည်ကိုလည်း နှစ်သက်သည်။

သူသည် လူတိုင်း၏အချစ်ခံ မင်းသားလေးနှင့် ပို၍ပင်တူလာပုံရသည်။

ရှီချင်းသည် ယနေ့တွင်လည်း ပျော်ရွှင်စွာ လျှောက်လှိမ့်နေပါသည်။ နူးညံ့သော ကော်ဇောကြောင့် အရေပြားအပေါ် ညင်သာသော အထိပတွေ့ခံစားမှုမျိုးကို သူနှစ်သက်သည်။ ကျေနပ်၍ပီတိဖြာနေပါသော System သည်လည်း ထကာကြေငြာလိုက်သည်။ [ဒင်! ယင်မင်ကျန်း၏ရန်လိုမုန်းတီးမှုတန်ဖိုး- 15/100]

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now