Chapter - 17.2 [Uni+Zawgyi]

360 70 0
                                    

သူ၏ ရူးသွပ်နေမှုကို မြင်သောအခါ ရှီချင်းသည် ဤလူဟာ ဦးနှောက်ဆေးကြောခံလိုက်ရကြောင်း သိလိုက်သည်။

လူတစ်ဦးသည် အရာအားလုံးဆုံးရှုံးပြီး စိတ်ပျက်အားငယ်မှုသာဖြစ်နိုင်သောအခါတွင် တစ်စုံတစ်ဦးသည် ၎င်းတို့အား ပန်းတိုင်တစ်ခုပေးသရွေ့ ၎င်းတို့၏ဘဝအား အမုန်းတရားအဖြစ် မြှုပ်နှံထားနိုင်သည်။

ဒီအခြေအနေမှာ သူသာဆိုရင် ဒီလူကိုပါ သေခိုင်းစေမိလိမ့်မယ်။

ဒီလူက သူ့သားသေလို့ ယင်မင်ကျန်းကပါ အသတ်ခံရသင့်တယ်လို့ ခံယူထားတာလား။

မကြာသေးမီနှစ်များအတွင်း ယင်မင်ကျန်းသည် အကြိမ်ပေါင်း မရေမတွက်နိုင်သော တာဝန်ထမ်းဆောင်မှုများအတွင် ဒဏ်ရာများရရှိခဲ့သည်။ သူသည် သေခြင်းတရားကို ဆယ်ကြိမ်ထက်မနည်း လက်မတင်လေး လွတ်မြောက်ခဲ့ပြီး လူပေါင်း ဆယ်သန်းကျော်ကို ကယ်တင်ခဲ့သည်။ သူသည်ရာထူးဘွဲ့ထူးတွေ ရှိပေမယ့် သာမာန် အိပ်ခန်းနှစ်ခန်း အိမ်လေးမှာ နေထိုင်ခဲ့တယ်။ ရှီချင်းအတွက် သူ့အရုပ်များကိုထားဖို့ နေရာပေးရန်အတွက် ဧည့်ခန်းကိုပင် ရှင်းထုတ်ခဲ့ရလေသည်။

သူသည် အခြားသူတို့အား ကူညီခဲ့ပေမယ့် နာကြည်းမှုသာပြန်ရခဲ့သည်။  အကယ်၍သူသာ ရှီချင်းကဲ့သို့ အငြိုးထားတတ်သော တစ်ယောက်သာ ဖြစ်ခဲ့မည်ဆိုလျှင်တော့လား။ ထိုလူများသည် သူ့သားကောင်မဖြစ်ခဲ့တာက ကံကောင်းကြသည်။

အတွေး၏အဆုံးတွင် သူသည်ယင်မင်ကျန်းအား ကြည့်လိုက်သောအခါ၊ ထိုလူသည် ငြိမ်သက်နေခဲ့သည်။ သူ့မျက်နှာက အမူအရာကင်းမဲ့နေပေမယ့် သူ့လက်နှစ်ဖက်စလုံးဟာ တင်းတင်းကျပ်ကျပ် ဆုပ်လို့ထားသည်။

သူ့မျက်ခုံးအောက်တွင် မည်းမှောင်ပြီး မရေရာသော အကြည့်တို့ ရှိလို့နေတယ်။

ယင်မင်ကျန်းသည် ယခင်ကကဲ့သို့ ခပ်ခွာခွာနေပြီး ဂရုမစိုက်သူဟု အခြားသူများကထင်သော်လည်း ရှီချင်းသည် သူ၏ဝမ်းနည်းမှုကို ခံစားနိုင်သည်။

ပုံမှန်ဆို သူသည် ဤမျှလောက် ထိခိုက်လွယ်မည်မဟုတ်ပေ။

ဒါပေမယ့် နာရီ 20 နီးပါး အဆက်မပြတ် တိုက်ခိုက်နေခဲ့တယ်။ ရေတစ်ငုံသောက်ဖို့ အစာစားတစ်လုတ်စားဖို့ အချိန်ပင်မရှိခဲ့ဘူး။ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အတင်းဆွဲကာလျှောက်လာရပြီး သူလုပ်ချင်တာလေးကတော့ ကောင်းကောင်းအနားယူဖို့ပါပဲ။ ထိုအစား သူကြိုးစားပမ်းစား ကာကွယ်ခဲ့ရတဲ့ အရပ်သားတွေထဲတစ်ယောက်ဟာ သူ့ကို ဓါးတစ်ချောင်းထုတ်ပြီး ထိုးဖို့လုပ်သည်နှင့်သာ တွေ့လိုက်ရသည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now