Chapter - 16.1 [Uni+Zawgyi]

471 72 0
                                    

လဲ့ယိုယွမ်သည် စိတ်ဆင်းရဲနေသော မျက်လုံးများဖြင့် ပြောင်ရှင်းနေသော ဖန်ခွက်ကို ကြည့်လိုက်သည်။

"မင်း စောက်ကျိုးနည်းဘာတွေလာလုပ်နေတာလဲ......"

ယင်မင်ကျန်းအား လက်ညိုးငေါက်ငေါက်ထိုးလိုက်သည်။ သူအချိန်တော်ကြာအောင့်ထားခဲ့ပေမယ့် နည်းနည်းလောက်မဆဲပဲမနေနိုင်ခဲ့ပေ။

သူ့အသုံးအနှုန်း နည်းနည်းပျော့နေသည်က သူမဆဲတတ်တာကြောင့်မဟုတ်ပေ။ ယင်မင်ကျန်းအားသူ အလွန်အကျွံ ဆဲမိပါက သူ၏ သုံးလောကအမြင်အား ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်မည်ကို သူ ကြောက်လို့ပါ။

လဲ့ယိုယွမ် သူ့ကို တိုက်ရိုက်ပဲ ကြိမ်းမောင်းပစ်လိုက်ရမလားလို့ တွေးနေချိန်မှာ ဝိုင်ခွက်ကို ပြန်ပစ်လာတဲ့ ယောက်ျားက အခိုင်အမာပဲ ဆိုဖာ‌‌ပေါ်ထိုင်ချလိုက်တယ်။ သူသည် မကြာခင် ထွက်သွားမည့်ပုံ မပေါ်ပေ။

ဒီကောင်အရမ်းကိုလွန်လွန်းတာပဲ!!!

လဲ့ယိုယွမ်သည် ဤမကြိုဆိုသောဧည့်သည်ကို နှင်ထုတ်ရန် သူ့ပါးစပ်ကိုဖွင့်ဟလိုက်သည်။

ဆိုဖာပေါ်ရှိလူထံမှ အေးစက်သောအကြည့်တစ်ချက်က သူ့ကို အောင်မြင်စွာ ပါးစပ်ပြန်ပိတ်သွားစေခဲ့ပါတယ်။

ယင်မင်ကျန်း၏ထိုင်နေပုံမှာ ပိုင်နက်ကျူးလွန်သူနှင့် မတူဘဲ အိမ်ပိုင်ရှင်နှင့်ပင်တူသည်။ "ရှီချင်းကို ငါပြောစရာရှိတယ်"

တစ်နည်းအားဖြင့်ဆိုလျှင် မင်းဒီနေရာကလှိမ့်လိုက်တော့ ဟူသောအဓိပ္ပါယ်ပင်။

လဲ့ယိုယွမ်မှာ 'မင်းပြောစရာရှိရင် ငါ့ရှေ့မှာပဲပြော' လို့ အော်ဟစ်လိုက်ချင်စိတ်အား အတင်းထိန်းချုပ်ထားရ၏။ သေချာပေါက် သူမကြားသင့်တဲ့ကိစ္စကြီးဆိုပါက သူဘေးမှာနားပိတ်ပြီးနေလို့ရတာပဲဟာ။

သို့သော် သူ့ရှေ့က ထိုလူနှင့်ပတ်သက်ပြီး တစ်ခုခုလွဲနေပြီဟု ခံစားမိသည်။ ဤရက်များတွင် သူသည် ထိုလူအား ရှီချင်းနှင့်အတူ အကြိမ်များစွာ နှောင့်ယှက်ခဲ့သော်လည်း ဤကဲ့သို့ မထိန်းချုပ်နိုင်တဲ့ အမူအရာမျိုးယင်မင်ကျန်း ဖြစ်လာသည်က ပထမဆုံးအကြိမ်ပင်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now