Chapter - 5.1 [Uni+Zawgyi]

841 137 4
                                    

ယင်မင်ကျန်း : "....."

ယင်မင်ကျန်း : "....."

သူ့ပါးစပ်မှာ ဖွင့်လိုက်ပိတ်လိုက်ဖြစ်သွားသော်လည်း သူဘာပြောရမှန်းမသိတော့ပေ။

သူတို့သည် စစ်အတွင်း မတူညီသော မျိုးနွယ်နှစ်ခုမှ ဖြစ်သည်ဆိုသည့်အချက်ကိုပင် မစဉ်းစားနဲ့ဦး တစ်ဖက်ကသူ၏ ငယ်ရွယ်သောအသွင်အပြင်ကြောင့် ယင်မင်ကျန်းသည် ထောင်ထဲ အကျဉ်းချခံရတော့မည်ဟုပင် ခံစားရစေသည်။

ကြမ်းပြင်ပေါ် လှဲလျောင်းနေရရင်း သူ့ရင်ထဲမီးမြိုက်နေသည့် မေးခွန်းအား ထုတ်မေးလိုက်သည်။ "မင်းအရွယ်ရောက်ပြီးတဲ့သူလား လူကြီးဖြစ်ပြီလား။?"

ရှီချင်း : "လူကြီးဆိုတာဘာလဲ"

"ဒီနှစ်မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုသလိုမျိုးပေါ့" ယင်မင်ကျန်းသည် တပ်ပြန်ဆုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ကံအားလျော်စွာနှင့် သူသည် ထိုက်တောင်ကြီး၏ အကြိမ်ကြိမ် ဖိခြေခံရခြင်းမှ ခွန်အားအချို့ ရရှိခဲ့သည်။ သူသည် ရှီချင်း ကို ပစ်မထုတ်နိုင်သေးပေမယ့်လည်း အနည်းဆုံးတော့ သူ လှည့်ပတ်နိုင်ပါသေးသည်။

သူစက္ကန့်အနည်းငယ်မျှသာ လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့ပြီးနောက် လူငယ်လေးသည် သူ၏ကိုယ်အလေးချိန်ကို ထပ်မံတိုးမြှင့်ခဲ့ပြန်သည်။

ထို့နောက် ရှီချင်း၏ ရှင်းလင်းသော အသံ ထွက်ပေါ်လာခဲ့သည်။  " ကျွန်တော်မွေးလာခဲ့တာ အနှစ်ငါးသောင်းရှိပြီ။" သူပုံစံလေးမှာ အချီးမွမ်းခံချင်သည့်ပုံရသည်။

ယင်မင်ကျန်း : "...... မင်းကိုယ့်ကိုပြောခဲ့တာက မင်းကမကြာသေးခင်ကမှ မွေးဖွားလာခဲ့တာလို့လေ။"

"ဟုတ်တယ်လေ ကျွန်တော်က သိပ်မကြာသေးခင်ကမှ မွေးဖွားလာခဲ့တာ။" ရှီချင်းသည် ထိုလူကြီးပေါ်ထိုင်ရင်း သူ့မျက်နှာအားစေ့စေ့ကြည့်ကာ 'ကျွန်တော်ကအပြစ်ကင်းပါတယ်။အမှန်တွေပဲပြောတာပါ' ဆိုတဲ့ရုပ်လေးနဲ့ လိမ်ဆင်တွေပြောနေခဲ့တာပဲဖြစ်တယ်။

"အချိန်ဟာ ကျွန်တော်တို့စက်ယန္တရားမျိုးနွယ်အတွက် တကယ်ကို ဘာအဓိပ္ပါယ်မှမရှိဘူး။ ကျွန်တော်မွေးကတည်းက စစ်တပ်နဲ့ ဂြိုဟ်သစ်တစ်ခုကို ရှာဖွေခဲ့ပါတယ်။ ကမ္ဘာမြေကို ရှာဖွေတွေ့ပြီးမှသာ ကျွန်တော်စတင်လှုပ်ရှားခဲ့တာ။"

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now