Chapter - 18.3 [Uni+Zawgyi]

396 64 0
                                    

ဒီအကြံကို သူပိုပိုပြီး သဘောကျလာသည်။ အဆုံးတွင် ဗိုလ်ချုပ် ကျောက်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ငါတို့အဲ့လိုပဲလုပ်ရအောင်။"

ယင်မင်ကျန်းသည် မကြာသေးမီကမှ အလုပ်များလာခဲ့သည်။ အင်းဆက်များကိုလည်း တိုက်ထုတ်ရပြီး အခြေခံပြည်တွင်းရေး စီမံခန့်ခွဲရန်နှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်လည်း လိုအပ်သေးသည်။ သူ့မှာ အနားယူဖို့ အချိန်မရှိသလောက်ပါပဲ။

ဤကဲ့သို့ ပြည့်ကျပ်နေသော အချိန်ဇယားဖြင့်ပင် သူသည် သူ၏ရှားပါးသော အားလပ်ချိန်များကို ရှီချင်းနှင့်သာအမြဲတမ်း အချိန်ဖြုန်းပြီး အခြေစိုက်စခန်းရှိ စိတ်ဝင်စားဖွယ်အရာများအကြောင်း ငှက်ကလေးတစ်ကောင်ကဲ့သို့ ကျီကျီ ပြောဆိုသံများကို နားထောင်နေရပါသည်။

ထိုလူသည် ရှီချင်းတစ်ယောက် ကြီးပြင်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

အရင်က တစ်ခုခုဖြစ်ခဲ့လျှင် သူ့မင်းသားငယ်လေးဟာ သူ့ရင်ခွင်ထဲသို့သာတိုးပြီး မျက်လုံးများရောင်ကိုင်းအောင် ငိုတတ်ခဲ့ပါသည်။

ယခုတော့ အိမ်တွင်း၌ အလိုလိုက်ခံရလွန်းသည့် မင်းသားငယ်လေးသည် သူ့အကျီလက်များကို ခေါက်တင်ကာ သူ့ပြဿနာများကိုအား သူကိုယ်တိုင်ရှင်းတော့သည်။ စကားလုံးတိုက်ပွဲပဲဖြစ်ဖြစ်၊ လက်သီးတိုပ်ပွဲပဲဖြစ်ဖြစ် သူက အမြဲတမ်း အကြမ်းရမ်းဆုံးသူတစ်ယောက် နှင့်ပင်တူနေခဲ့သည်။

ဟုတ်တာပေါ့ ယင်မင်ကျန်းအတွက်တော့ ဒေါသထွက်နေတဲ့ ရှီချင်းလေးဟာ ချစ်စဖွယ်ကောင်းတဲ့ ငါးပူတင်းနဲ့ ပိုတူပါတယ်။ ဒေါကန်နေတာလေးကလည်း ချစ်ဖို့ကောင်းနေပြန်ရော။ သူ့ကိုထိုသို့မြင်ရတိုင်း သူသည်ထိုကောင်လေးအား ဖက်သညထားချင်တော့သည်။

အလွန်ချစ်စရာကောင်းသည်ဟု သူထင်သော်လည်းလဲ့ယိုယွမ်အား ရန်ငြိုးမထားပဲ သူမနေနိုင်ပေ။

ချစ်စဖွယ် အပြစ်ကင်းစင်ပြီး စဉ်စားဉာဏ်ရှိတဲ့ သူ့ရှီချင်းလေးကို လမ်းလွဲသွားစေခဲ့တဲ့ လူကထိုကောင်ပဲဖြစ်ရမည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now