Chapter - 3.2 [Uni+Zawgyi]

843 154 2
                                    

"ကျွန်တော်တို့အတူတကွပူးပေါင်းနေသရွေ့ ကျွန်တော့်ရဲ့ အရွယ်ရောက်တဲ့အခြေနေအဖြစ် ပြောင်းလဲသွားမှာပါ။ ကျွန်တော့်ဂြိုလ်ပေါ်က မိခင်သစ်ပင်က ကျွန်တော့်ရဲ့ အရွယ်‌ရောက်မှုဆိုင်ရာအချက်ပြမှုကို လက်ခံရရှိပြီးနောက် မျိုးဆက်သစ်ကို စတင်ပြီးဖန်တီးပေးလိမ့်မယ်။ အနှစ် ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ကျွန်တော်တို့အတူတကွပူးပေါင်းနေသရွေ့ ကျွန်တော့်ရဲ့ အရွယ်ရောက်တဲ့အခြေနေအဖြစ် ပြောင်းလဲသွားမှာပါ။ ကျွန်တော့်ဂြိုလ်ပေါ်က မိခင်သစ်ပင်က ကျွန်တော့်ရဲ့ အရွယ်‌ရောက်မှုဆိုင်ရာအချက်ပြမှုကို လက်ခံရရှိပြီးနောက် မျိုးဆက်သစ်ကို စတင်ပြီးဖန်တီးပေးလိမ့်မယ်။ အနှစ် 200 ကြာပြီးတဲ့နောက် ကျွန်တော်သေတဲ့အခါ ကျွန်တော်တို့ရဲ့မျိုးရိုးဗီဇတွေပါတဲ့ ကလေးလေးမွေးဖွားလာလိမ့်မယ်။"

သူ၏စကားများသည် အပြစ်ကင်းစင်ပြီး တောင့်တမှုများလည်းပြည့်နှက်နေသည်။ " ခင်ဗျားရဲ့ဗီဇက အရမ်းကိုသန်မာတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ကလေးလေးကလည်း သန်မာလိမ့်မယ်။"

ယင်မင်ကျန်း "....."

သူသည် လူသားဆယ်ကျော်သက်တစ်ဦး၏အသွင်အပြင်နှင့် အနှီဂြိုလ်သား၏စကားကို လျင်မြန်စွာ တွေးတောခဲ့သည်။

သူတို့၏ဂြိုဟ်တွင် ဤလူထံမှ ရင့်ကျက်မှုအချက်ပြမှုကို လက်ခံရရှိပြီးနောက် သူ့အလိုလို မျိုးဆက်ပြန့်ပွားပေးမည့် မိခင်သစ်ပင် ဟုခေါ်သော သစ်ပင်တစ်ပင်ရှိသည်။ သူသေဆုံးသွားတဲ့အခါ သူနှင့်ဆက်ဆံခဲ့သောသူ၏ မျိုးဗီဇပါရှိသည့် နောက်မျိုးဆက်များ မွေးဖွားလာမည်ဖြစ်သည်။

အကယ်၍ ဤမဟုတ်တရုတ်ဇာတ်ကွက်သည် ရုပ်ရှင်တစ်ကားဖြစ်လျှင် ယင်မင်ကျန်းသည် ယုတ္တိမတန်ဟု‌ တွေးလိမ့်မည်၊ သို့သော် ယခုအချိန်တွင် သူ့၌လာဖြစ်ပျက်နေလေသည်။

ရှီချင်းက သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလို့တော့ သူတွေးတောင်မတွေးကြည့်ခဲ့ဖူးပေ။

နောက်ဆုံးတော့ သူဟာ အခု ဂြိုဟ်သားရဲ့ လက်ဖဝါးထဲက ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ။ သူ့အား လိမ်ညာဖို့ မလိုပေ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now