Chapter - 6 [Uni+Zawgyi]

798 143 2
                                    

ယင်မင်ကျန်းသည် ရှီချင်း၏တောင်းဆိုမှုကို ကျေကျေနပ်နပ်လက်ခံခဲ့သည်။

ဆယ်ကျော်သက်ဂြိုလ်သားလေးသည် သူ့မျက်နှာပေါ်တွင် ကျေနပ်သောအကြည့်လေးများဖြင့် သူ၏သေးငယ်သောအစိတ်အပိုင်းလေးကို ဆုတ်ခွာလိုက်ပြီးတဲ့အခါ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် ယိုင်သွားခဲ့သည်။

ရှီချင်းသည် သူ့ဘာသာရပ်တည်ဖို့ရာ မကြိုးစားခဲ့ပေ။ သူသည် ယင်မင်ကျန်း၏ရင်ခွင်ထဲသို့ အရိုးမဲ့စွာ ပြုတ်ကျသွားခဲ့သည်။ သူသည် သူ၏ခွဲခြမ်းစိတ်ဖြာတွေ့ရှိချက်ကိုလည်း System အား လေးနက်သောလေသံဖြင့် မျှဝေခဲ့ပါသေးသည် - [ဒီကမ္ဘာမြေကြီးပေါ်က လူသားတွေရဲ့ သင်ယူနိုင်စွမ်းကလည်း ကြောက်စရာကောင်းလိုက်တာနော်။]

ရက်အနည်းငယ်အတွင်းမှာပဲ ယင်မင်ကျန်း သည် ကျွမ်းကျင်သော အနမ်းပေးသူဖြစ်လာခဲ့သည်။

မှုန်ဝါးဝါးတွေ မှ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့သည့် System သည် ကလေးသီချင်းများကိူာ တိတ်တဆိတ် နားထောင်နေလိုက်သည်။ - [မှိုကောက်တဲ့ ကလေးမလေးမှာ ဝါးခြင်းတောင်းကြီးတစ်လုံးရှိပါတယ်-]

ရှီချင်းက သူ့အား လျစ်လျူရှုထားသော System ကို စိတ်ထဲမထားပေ။ အလုပ်လုပ်ဖို့ အချိန်ကျပြီပဲ။

ကတိပေးထားတဲ့အတိုင်း သူသည် ယင်မင်ကျန်းအား အခန်းထဲမှ ထွက်ခွင့်ပြုလိုက်သည်။

အပြင်ဘက်ရှိ အရာအားလုံးသည် ငွေဖြူရောင် ပုံစံတွေပဲဖြစ်သည်။ ခန်းမများသည် ငွေဖြူရောင်ဖြစ်ပြီး စက်များသည်လည်း ငွေဖြူရောင်ပေ ဒါက ဥပမာအချို့ကို ပေးတာသာဖြစ်သည်။ ဟုတ်ပါတယ်၊ ထိုတစ်ရောင်တည်းစီစဉ်ထားမှုက လျှောက်ပတ်ကြည့်တဲ့လူတွေကို မျက်စိလည် လမ်းပျောက်စေတတ်သည်။

ရှီချင်းသည် တောက်ပသော အပြုံးလေးဖြင့် သူ့အသိုက်ကို သွားကြည့်ရန် သူ့အဖော်ကို ဆွဲခေါ်သွားသည့် တက်ကြွသော ငှက်ကလေးနှင့်ပင် တူနေတော့သည်။

"ဒါက စက်ရုံပါ။ ကျွန်တော့်စစ်တပ် အပါအဝင် နေ့တိုင်း စက်ရုပ်အသစ်တွေကို ဒီမှာ လုပ်ကြတာ။"

ငွေဖြူရောင်စက်များသည် စက်ရုပ်များပြုလုပ်ရန် လုပ်ဆောင်နေကြသည်ကို ယင်မင်ကျန်း ကြည့်ရှုခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now