Chapter - 9.1 & New Year Discount ⭐⭐

777 113 6
                                    

ရှီချင်းသည် ကြာပန်းဖြူဟန်ဆောင်ရာတွင် သဘာဝကျသည်။

သူ့မျက်နှာလေးအား ယင်မင်ကျန်း၏ ရင်ခွင်ထဲမြှုပ်လို့ထားပြီး ကြောက်လန့်နေတဲ့ တိရိစ္ဆာန်လေးလို နည်းနည်းတောင် တုန်ပြနေသေးတယ်။ သူက သူ့အား ပွေ့ဖက်ထားတဲ့သူကို သနားစရာကောင်းစွာ မေးတယ်။ "မင်ကျန်း ခင်ဗျားကျွန်တော်နဲ့ တစ်သက်လုံးနေမယ်လို့ ကတိပေးခဲ့တယ်မဟုတ်ဘူးလား"

"ကျွန်တော်နိုးလာတော့ ခင်ဗျားဘာလို့ပျောက်သွားတာလဲ"

ယင်မင်ကျန်း၏ ပါးစပ်သည် အက်ဆစ်များဖြင့် ပြည့်နေသည်။ သူ့ရင်ခွင်ထဲမှ တုန်ရီနေသော လူငယ်လေးအား ဘာပြောရမှန်းမသိတော့ပေ။

ဖြစ်နိုင်ခြေရှိသော အဖြစ်အပျက်များစွာကို သူတွေးခဲ့ဖူးသည်။

ရှီချင်းသည် သူ့နောက်မှ လုပ်ကြံသူများကို ဒေါသတကြီး စေလွှတ်နိုင်သည်။

ဒါမှမဟုတ် သူ့ကို သစ္စာဖောက်တယ်လို့ တွေးနိုင်သည်။

သို့သော် ရှီချင်းသည် ထိုသင်္ဘောမှ ထွက်ခွာပြီး သူ့ရှေ့တွင် ဒီလိုနွမ်းလျှလျှ အခြေအနေဖြင့် ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။

ရှီချင်းသည် အနှစ် 10,000 အသက်ရှင်နေသော်လည်း သူသည် ထိုအချိန်အားလုံးကို သင်္ဘောပေါ်တွင်သာ အထီးကျန်စွာ ကုန်ဆုံးခဲ့သည်။ သူ့ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စွမ်းကလွဲလို့ ယင်မင်ကျန်းသည် ရှီချင်းထံတွင် တခြားတိုက်ခိုက်နိုင်သည့် စွမ်းရည်များ မမြင်ဖူးခဲ့။

ဒါက အဓိပ္ပာယ်ရှိပါတယ်။ စက်ယန္တရားဘုရင်သည် ကိုယ်တိုင်တိုက်ခိုက်ရန် မလိုအပ်ပေ။

သူ့သင်္ဘောပေါ်မှာ ရှိနေသမျှ မရေမတွက်နိုင်တဲ့ စက်ရုပ်တွေက သူ့ကို စောင့်ကြပ်ပေးပြီး သူ့လိုအင်ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းပေးပါလိမ့်မယ်။

ဒါပေမယ့် အခုတော့ သူက ယင်မင်ကျန်း အတွက် ချန်ထားခဲ့ပြီ။

အပြစ်ရှိမှုနှင့် အကူအညီမဲ့မှုတို့သည် ထိုသူ၏နှလုံးသားထဲ ပြည့်လျှံလာခဲ့သည်။

သူဘယ်လိုပြန်ဖြေရမလဲ။

ရှီချင်း သူ့ခန္ဓာကိုယ်ကိုသူ အားနည်းရှိအောင်လုပ်စေဖို့ သူအချိန်အတော်ကြာအောင် ကြံစည်ခဲ့တာကို ဝန်ခံလိုက်သင့်သလား။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now