Chapter - 3.1 [Uni+Zawgyi]

839 144 1
                                    

လုပ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လုပ် .. က‌လေးလုပ်မယ်??

ယင်မင်ကျန်းသည် သူ့အပေါ်ရှိ ယောက်ျားမှန်းထင်ရှားသည့် လူငယ်လေးကို စိုက်ကြည့်လိုက်မိသည်။ သူအရမ်းကိုကြောင်အသွားခဲ့တာ ဒါပထမဆုံးအကြိမ်ပါပဲ။

ယခု ရှီချင်းသည် စိတ်မရှည်စွာ သူ့အဝတ်အစားများကို စုတ်ဖြဲနေသည်ကို မြင်လိုက်ရသဖြင့် ပိုက်ထဲတွင်ဖမ်းမိသော ငါးတစ်ကောင်ကဲ့သို့ ရုန်းကန်ခဲ့သည်။  "မဟုတ်ဘူး! ခဏလေး! ငါက ယောက်ျားတစ်ယောက်ပါ!"

"ဟုတ်တယ်လေ ကျွန်တော်ရောပဲ။"

ရှီချင်းသည် ယင်မင်ကျန်း၏အဝတ်အစားများဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်နေရင်း ရိုးသားစွာဖြင့် ပြန်ဖြေခဲ့သည်။

သူတကယ်ကို အတော်လေးမအားလပ်နေပေ။ အဝတ်အစားတွေကို ချွတ်နိုင်ဖို့အတွက် ယင်မင်ကျန်းရဲ့လက်တွေပေါ်မှ သူဆုပ်ကိုင်ထားသည့်အားကို လျှော့မှရမည်။ သူ၏ နူးညံ့သောလက်ချောင်းများက အင်္ကျီကို ဆုတ်ဖြဲရန် ကြိုးစားခဲ့သည်။

သို့သော် သူသည် ယင်မင်ကျန်း၏လက်ကို တင်းကျပ်စွာမကိုင်ထားတော့သောကြောင့် ထိုလူသည် ချက်ချင်းပင် ရုန်းကန်လာခဲ့သည်။  အသက် 28 နှစ်အရွယ် လူပျိုသိုးဝါရင့်သူရဲကောင်းကြီးသည် ရှီချင်း၏လုပ်ရပ်ကြောင့် လုံးဝကိုပြာသွားခဲ့သည်။ သူ့စိတ်ထဲတွင် [အတွင်းသို့ရန်သူအား စိမ့်ဝင်စေခြင်း]၊ [ နိုင်ငံရေးအချက်အလက်များစုဆောင်းရန်စေလွှတ်ခြင်း ] သို့မဟုတ် [ဖြစ်ပျက်နေသည့်အရာများကို ရှာဖွေစေရန်] သူစွန့်ပစ်ခံလိုက်ရပြီးနောက် ထိုကဲ့သို့ခိုင်းစေခံရမည်ဟုသာ တွေးထားခဲ့တာဖြစ်သည်။ ယခုတော့ သူ့ခေါင်းထဲမှာ သနားစရာကောင်းတဲ့ ဆန္ဒတစ်ခုပဲ ကျန်ပါတော့တယ်- သူ့သိက္ခာနဲ့ သူ့အဝတ်အစားတွေကို မပျက်မစီးအောင် ထိန်းသိမ်းကာကွယ်ထားနိုင်ဖို့ပါပဲ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now