အခန်း (၁)

4.1K 159 30
                                    

အခန်း (၁)

လင်းမာန်ခ သည် အသက် ၁၉နှစ် အရွယ် လူငယ်လေးတစ်ယောက် ဖြစ်သည် ။
သူ့ဘဝတွင် သူ့ကိုယ်သူ လွန်ခဲ့သော အနှစ် ၂၀ သို့ ပြန်ရောက်သွားလိမ့်မည်ဟု တစ်ခါမျှ ယောင်၍ပင် မတွေးဖူးခဲ့ပါပေ ။
ထိုအရာတို့သည် ရုပ်ရှင်များ ၊ Fic များတွင်သာ ရှိလိမ့်မည် ဟု လင်းမာန်ခ ထင်ခဲ့ဖူးသည် ။

ထိုသို့ ဆန်းကြယ်သော အဖြစ်သည် လူ ဆယ်သန်းတွင်ပင် တစ်ယောက် ဖြစ်ဖို့ ခဲယဥ်းလှသည် ။
သို့သော် ကြယ်တွေ ကြယ်မိုးရွာချသလို အလွန်ကြွေသော ၂၀၂၃ ၏ ဒီဇင်ဘာ ည တစ်ညတွင် လင်းမာန်ခ ထိုအဖြစ်ကို ကိုယ်တိုင် ကြုံခဲ့ရသည် ။

ထိုနေ့က ၂၀၂၃ ခုနှစ်၏ ဒီဇင်ဘာလ တစ်ရက်နေ့ ဖြစ်သည် ။
ထိုညတွင် လင်းမာန်ခ တစ်ယောက် Facebook ပေါ်တွင် တက်လာသော ရူးကြောင်ကြောင် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည် ။

ယနေ့ညတွင် ကြယ်များ အစုလိုက် အပြုံလိုက် ကြွေနိုင်ကြောင်း ... ​ကြယ်မိုးရွာသလို ကြယ်ကြွေခြင်းနှင့်အတူ Wormhole များလည်း ပေါ်ပေါက်လာနိုင်ကြောင်း... သို့သော်လည်း ထို wormhole များမှာ သေးငယ်လွန်းသောကြောင့် လူတစ်ယောက်အနေဖြင့် ဖြတ်သန်း၍ သွားနိုင်မည် မဟုတ်ကြောင်း ၊ အကယ်၍သာ ကြီးမားသော wormhole ပေါ်ပေါက်လာသောကြောင့် ထိုနေရာကို ဖြတ်သန်း၍ သွားနိုင်ပါက ထိုလူသားသည် ထို wormhole နှင့် ချိတ်ဆက်မိနေသော အတိတ်ကာလ တစ်ခုကို ရောက်ရှိသွားနိုင်ကြောင်း ၊ စသည်ဖြင့် အဓိပ္ပါယ်မရှိ ရေးထားသော သတင်းတစ်ပုဒ်မျှသာ ဖြစ်သည် ။

" ငါ ဒီလို ပေါက်ကရ Page မျိုးကို ဘယ်တုန်းကများ Like လုပ်ခဲ့မိပါလိမ့်... " ဟု လင်းမာန်ခ တွေးလိုက်မိသည် ။

လင်းမာန်ခ Page အောက်တွင် ' သောက်ပေါ Page... လိလို ဟာတွေ အရေမရ အဖတ်မရ တင်နေတာလား ' ဟု သွားမန့်လိုက်သည် ။
ခဏအကြာတွင် Page အက်ဒမင်က သူ့မန့်ကို reply ပြန်လာသည် ။
' ဒီပို့စ်က သောက်တောသားတွေ ဖတ်ရင် နားလည်မှာ မဟုတ်လောက်ဘူးဗျ ' ဟု ပြန်လာခြင်း ဖြစ်သည် ။
လင်းမာန်ခ ဒေါသတွေ ထောင်းကနဲ ထွက်သွားရသည် ။

ဒီလိုနှင့် လင်းမာန်ခ နှင့် Page အက်ဒမင်တို့ အပြန်အလှန် ပွဲဖြစ်ကြတော့သည် ။
ပွဲက တစ်ဖက် တစ်ကြောင်းစီနှင့် ကွန်မန့်ပေါင်း ငါးဆယ်ကျော်သွားလေသည် ။
နောက်ဆုံးတော့ လင်းမာန်ခ ထိုPage ကို report ထုကာ ဘလော့ပြီး Facebok ပေါ်မှ ထွက်လာခဲ့လိုက်တော့သည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now