အခန်း (၄)

1K 89 15
                                    

အခန်း (၄)

လင်းမာန်ခ သူ့မေမေကို ဘယ်လို အကြံမျိုးနှင့် ဒီနေရာမှ ခေါ်ထုတ်သွားရမည်ကို မသိပေ ။

သူ့မေမေ၏ မျက်နှာ အမျိုးမျိုး ပြောင်းလဲနိုင်မှုကိုလည်း သူလေးစားသည် ။
သူ့ကို လက်လိမ်ချိုးတုန်းက ဒီမျက်နှာမျိုး မဟုတ် ။
ယခုတော့ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော မိန်းကလေး အသွင်ကို တမင် လုပ်ယူထားပုံမှာ ကြည့်ရုံနှင့်ပင် ကြက်သီးထစရာ ကောင်းနေသည် ။

" ဟို... ဟိုလေ... မနှင်းယမုံ... ကျွန်တော် မနှင်းယမုံကို ပြောစရာရှိ... "

သူ စကားစလိုက်ရုံပဲ ရှိသေးသည် ။
နှင်းယမုံ က သူ့ဘက်လှည့်လာပြီး ခပ်တိုးတိုး ပြောလာသည် ။

" ဟိုမှာ ထွန်းမာန် လာနေတယ်... မင်း ငါတို့ကြားမှာ ဘာမှ ဝင်ရှုပ်ဖို့ စိတ်မကူးနဲ့... အေး ဝင်ရှုပ်မယ်ဆိုရင်တော့ ငါက ညှာနေမှာ မဟုတ်ဘူးနော်... "

သူ့မေမေ၏ ခပ်တိုးတိုး ကြိမ်းမောင်းလိုက်သော စကားကြောင့် လင်းမာန်ခ တစ်ယောက် ကြောက်စိတ်နှင့် တောင့်ကနဲ ဖြစ်သွားရသည် ။
မဟုတ်သေးပါဘူး... ငါ့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကို ရောက်လာတာတောင်မှ ငါ့မေမေ ဖြစ်လာမယ့်သူကို ကြောက်နေရသေးတာလားဟ ။

" ဟုတ်... ဟုတ်ကဲ့... "

သူ မရဲတရဲ ပြန်ဖြေရင်းမှ တွေးမိသည် ။
သူ ဒီလိုကြောက်နေမယ်ဆိုရင် သူ wormhole ကြီးကို ဖြတ်ပြီး လာတာ ဘာအကျိုးရှိတော့မှာတဲ့လဲ ။
သူ့အနေနဲ့ ကြောက်နေလို့မှ မဖြစ်တာ ။
သူ တွေးနေစဥ်မှာပင် ထွန်းမာန်ဆင့် နှင့် ကျော်ထွဋ်ခေါင် တို့က သူနှင့် နှင်းယမုံ၏ အရှေ့ကို ရောက်လာလေသည် ။

" အော်... ယမုံပါလား... "

ဖေဖေ၏ မျက်နှာမှ စိတ်ပျက်လက်ပျက် ဖြစ်သွားသော အလိုမကျသည့်ပုံကို လင်းမာန်ခ တွေ့လိုက်သည် ။

" ခုနကတောင် ထွန်းမာန်တို့ ကန်စပ်ဘက်မှာ ရှိတယ်ဆိုလို့ ယမုံ လိုက်လာ​သေးတယ်... ပြီးတော့မှ အဲ့နားမှာ ရှိတဲ့လူတစ်ယောက်က ထွန်းမာန်တို့ ပွဲစျေးတန်းဘက် သွားတယ်ဆိုလို့ ယမုံက ပွဲစျေးတန်းကို လိုက်လာတာ... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now