အခန်း (၂၆)

684 65 10
                                    

အခန်း (၂၆)

" သားထင်လင်း... ဒဏ်ရာက အဆင်ပြေတယ် မဟုတ်လားဟင်... "

ထိုလူကြီးက ထပ်မေးလာပြန်သည် ။
လင်းမာန်ခ ကြားထဲက အားနာလာသောကြောင့် ဝင်ဖြေလိုက်ရသည် ။

" ဟုတ်ကဲ့ အဆင်ပြေပါတယ်ခင်ဗျ... ချုပ်ရိုးဖြည်တာလဲ အဆင်ပြေပြေ ပြီးသွားပါတယ်... "

ထိုလူကြီးက လင်းမာန်ခ ဘက်ကို လှည့်ပြီး ပြုံးပြလာသည် ။
သူ့အပြုံးထဲတွင် ရင်းနှီးနွေးထွေးမှုကို လင်းမာန်ခ ခံစားရသည် ။

" သားလေးက... သားထင်လင်း ရဲ့ သူငယ်ချင်းလားကွဲ့... "

" ဟုတ်ပါတယ်ခင်ဗျ... "

" အန်တီ... အဲလေ... ဦးက သားထင်လင်းရဲ့ ဦးလေး ပါ... နာမည်က မြ... ဟို... ဦးထင်မြပါ "

လင်းမာန်ခ ဦးထင်မြ ဆိုသူကို ပြုံးပြလိုက်သည် ။
ကိုထင်လင်း ကတော့ တစ်ခွန်းမှ ဝင်မပြောလာပေ ။
လင်းမာန်ခ ကပင် မတတ်သာသောကြောင့် မေးလိုက်ရသည် ။

" ကျွန်တော်က လင်းမာန်ခ ပါခင်ဗျ... ဒါနဲ့...  ဦးထင်မြက ဆေးရုံဘာလို့လာတာလဲဟင်... တစ်ခုခုများ ဖြစ်လို့လား... "

" အသက်လေး နည်းနည်း ရလာတော့ ဆီးချိုလေး တက်တက်လာလို့ ဆရာဝန်က တစ်လတစ်ခါ လာပြခိုင်းလို့ပါကွယ်... ဒီနေ့က ရက်ချိန်းလေ... "

" ခင်ဗျား တစ်ယောက်ထဲ လာတာလား... ခင်ဗျားယောကျ်ားကကော ဘယ်သွားသေနေလို့လဲ... "

ကိုထင်လင်း က အနည်းငယ် စိတ်ပူသော်လည်း စိတ်မပူသလို လေသံဖြင့် ဝင်ပြောလာလေသည် ။
ဝင်ပြောမယ့်ပြောတော့လည်း ဘုဂလန့် မေးခွန်းကြီး ဖြစ်သည် ။
လင်းမာန်ခ ပင် မျက်နှာပူ၍သွားရသည် ။

" ကိုထင်လင်း... လူကြီးကို... ဘယ်လိုတွေ ​ပြောနေတာလဲ... "

သူပြောလိုက်တော့ ကိုထင်လင်း က ဆက်ပြောမည့် စကားကို မပြောတော့ဘဲ ရပ်လိုက်သည် ။
မျက်နှာကတော့ ရှုံ့မဲ့နေဆဲပင် ။

" ရပါတယ်... သားလေး... ကိစ္စမရှိပါဘူး... ကိုဇော်လည်း ပါလာပါတယ် သားထင်လင်း... ဦးမြက အမြဲ နမော်နမဲ့ လေ... ဆေးရုံရောက်ပြီးမှ ဆေးစစ်ထားတဲ့စာရွက် ကျန်ခဲ့လို့ မင်းဦးလေး ဦးဇော်က သွားပြန်ယူပေးနေတယ်... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now