အခန်း (၈)

647 63 21
                                    

အခန်း (၈)

" မလိုဘူး ဟေ့ရောင် ... ခေါ်လာစရာမလိုဘူး... "

ထွန်းမာန်ဆင့် က အကြောက်အကန် ငြင်းဆန်လာသည်ကို ကြားရတော့ လင်းမာန်ခ စိတ်လေသွားသည် ။
သူ့အဖေ လူပျိုဘဝက တော်တော်လေးကို မူရာမာယာ များပါလား ဟုလည်း တွေးမိသွားရသည် ။

ဒိုင်ယာရီထဲမှာ ကျတော့ ဦး ကျော်ထွဋ်ခေါင် ကို အတင်း လာစေချင်ပါတယ် ဆိုပြီး အခုကျတော့ ခေါ်လာစရာ မလိုဘူး လုပ်ပြန်တယ် ။
အဲ့လို ပလီပလာ လုပ်လွန်းလို့လည်း ဘဲ မရခဲ့တာ ဟု လင်းမာန်ခ တွေးလိုက်မိသည် ။

" ကျွန်တော်က ကိုထွန်းမာန်ဆင့် အတွက် စိတ်ပူလို့ပါဗျ... ဖျားနေတာ မဟုတ်လား... ဘေးနားမှာ ပြုစုပေးဖို့ လူတစ်ယောက် လိုမှာပဲလေ... "

" မလိုပါဘူး... ဒီအဖျားလောက်နဲ့ ငါ မသေနိုင်ဘူး... ပြီးတော့ မင်းလည်း ငါ့ကို စိတ်ပူစရာ အကြောင်း မရှိဘူး... "

" ကျွန်တော်က စိတ်မပူပေမယ့်လည်း တစ်စုံတစ်ယောက်ကတော့ စိတ်ပူချင်ပူနေမှာပေါ့... ကဲပါဗျာ... ကျွန်တော် တကယ် သွားပြောပေးချင်လို့ပါ... ကျွန်တော်ကပဲ အရမ်းအားနေလို့ ပြောပေးချင်တယ်ပဲ ယူဆပြီး ကိုကျော်ထွဋ်ခေါင်ရဲ့ အိမ်လိပ်စာလေး ပြောပြပေးပါလားဟင် .... "

သူ့မှာ အာပေါက်မတက် အကြိမ်ကြိမ်အခါခါ ပြောပြလိုက်တော့မှ သူ့အဖေ ထွန်းမာန်ဆင့် တစ်ယောက် မအီမသာ မျက်နှာ​ပေးနှင့် သူ့ကို ကြည့်ကာ ပြောလာသည် ။

" ငါ ခေါ်ခိုင်းတာ မဟုတ်ဘူးနော်... မင်းဘာသာမင်း ခေါ်ချင်လို့ သွားခေါ်တာနော်... "

" အင်းပါ... ဟုတ်ပါပြီဗျာ... ကျွန်တော့် ဘာသာ သွားခေါ်ချင်တာပါ... "

သူ့အဖေ၏ မူ နေပုံကို ကြည့်ပြီး လင်းမာန်ခ တကယ်ပင် ရယ်ချင်လာသည် ။
သူ့အဖေ ဖြစ်လာမည့်သူသည် လူပျိုဘဝက အဲ့လောက် မူနေတတ်သည်ဟု လင်းမာန်ခ လုံးဝ ထင်မထားခဲ့မိပေ ။

အဲ... အဲ့လောက် မူနေမှတော့ သူ့အဖေက အောက်ထပ်များ ဖြစ်လောက်မလား ။
အတိတ်တုန်းကတော့ သူ့အဖေသည် ဦးကျော်ထွဋ်ခေါင်နှင့် ချစ်သူတွေ မဖြစ်ခဲ့သောကြောင့် သူ့အဖေ အပေါ်ထပ်လား အောက်ထပ်လား ဆိုသည်ကို လင်းမာန်ခ မသိခဲ့ ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now