အခန်း (၁၈)

627 71 14
                                    

အခန်း (၁၈)

" ကိုထင်လင်း... ဟဲဟဲ... "

လင်းမာန်ခ က ကိုထင်လင်း ကို မျက်နှာချိုသွေးကာ ပြုံးပြရင်း ပြောလိုက်ခြင်း ဖြစ်သည် ။
သူက မျက်နှာချို သွေးပြနေသော်လည်း ကိုထင်လင်း က မျက်နှာထား တင်းနေဆဲ ။
သူ့ကို ပြန်ပြုံးပြမလာပေ ။

" ဘဒိုရေ... ဒီပြဿနာက ခုနက ပြဿနာထက် ပိုပြီး ကြီးမယ့်ပုံပဲနော်... "

မြတ်မင်းခန့် က လင်းမာန်ခ အနားကို ကပ်ပြီး ပြော လာခြင်း ဖြစ်သည် ။
လင်းမာန်ခ လည်း ထိုပြဿနာ ကို ဘယ်လိုဖြေရှင်းရမလဲ မသိ ။

သူ့အဖြစ်ကြီးက လူပြတ်သည့် နေရာတွင် မြတ်မင်းခန့် နှင့် နှစ်ယောက်ထဲ ပုခုံးဖက်လျက်သားကြီးရှိနေသည့် အဖြစ် ဖြစ်နေသည် ။
သူ့စိတ်ထဲတွင် ဖောက်ပြန်နေချိန် ယောကျ်ားမိသွားတာကို ခံလိုက်ရသော သစ္စာဖောက်မိန်းမ တစ်ယောက်လိုလိုတောင် သူ့ကိုယ်သူ ခံစားသွားမိရသည် ။

အာ... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါနဲ့ ကိုထင်လင်း နဲ့က ဘာမှမှ မဆိုင်ကြတဲ့ဟာကို ။
ငါက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားနေရတာလဲ ။

" ဟေ့ကောင်... မင်းလက်ကို လင်းမာန်ခ ပုခုံးပေါ်က အခုချက်ချင်း ဖယ်လိုက်စမ်း... "

ကိုထင်လင်း က မြတ်မင်းခန့် ကို အမိန့်ပေးသံဖြင့် ပြောလိုက်သည် ။
မြတ်မင်းခန့် က ကိုထင်လင်းကို ကြောက်လန့်သွားသောကြောင့် သူ့လက်ကို ချက်ချင်း ဖယ်လိုက်ရသည် ။
ဒီဘဲကြီးက သူ့ uke လေးရဲ့ ပုခုံးပေါ်ကို လက်တင်ထားလို့ ဆိုပြီး ငါ့လက်ကို ဖြတ်တောင် ဖြတ်ပစ်ချင်နေပုံပါပဲလား ဟ ။

" ဟဲဟဲ... ဖယ်... ဖယ်လိုက်ပြီနော်... ပြီးတော့လေ... ဘာမှ အထင်မလွဲနဲ့ သိလား... ကျွန်တော် ရှင်းပြမယ်... "

" မင်းကို ဘယ်သူက သောက် စကားပြောခိုင်းနေလို့လဲ... ငါ မင်းနဲ့ စကားပြောဖို့ အားမနေဘူး... မင်း ထွက်သွားလိုက်တော့... "

မြတ်မင်းခန့် တစ်ယောက် လင်းမာန်ခ ကိုပင် နှုတ်မဆက်ရဲတော့ဘဲ ထိုနေရာက မြန်မြန် လစ်ရလေတော့သည် ။
ဟိုဘက်ခေတ်ကနေ ဒီဘက်ခေတ်အထိ တကူးတကကြီး လက်သီးနဲ့ လာအထိုးခံရမယ်ဆိုရင်တော့ မဟုတ်သေးဘူး မလား ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now