အခန်း (၁၀)

681 66 9
                                    

အခန်း (၁၀)

လင်းမာန်ခ ဘယ်လောက်တောင် ငေးကြည့်လိုက်မိသည် မသိ ။
သူ့အရှေ့တွင် ရှိနေသော အုတ်ခဲကို မမြင်ဘဲ ခြေထောက်နှင့် တိုက်မိကာ ချော်လဲကျသွားလေသည် ။
သူ ချော်လဲကျသွားသော အသံကို ကြားတော့မှ ကိုထင်လင်း က သူ့ဘက်လှည့်ကြည့်လာသည် ။

" ဟိုကောင်လေး... ချော်လဲ ပြန်ပြီလား... မင်းလည်း နမော်နမဲ့ နဲ့ပဲ... "

နမော်နမဲ့ မဟုတ်ပါဘူးဗျ... ။
ခင်ဗျားဟာက ရေစိုပြီး ကပ်နေတာတောင် သခွါးသီးလောက် ရှိနေတဲ့ဟာကို ။
ကျွန်တော့်လို လူပျိုနုနုထွတ်ထွတ်လေး တစ်ယောက် အနေနဲ့ ကြောက်လန့်ပြီး ချော်လဲသွားတယ် ဆိုတာ ဖြစ်သင့်တာပဲ မဟုတ်ဘူးလား ။

လင်းမာန်ခ ဟိုဘတ်ခေတ်မှာတုန်းကတောင် ဒီလို အတောင့်ဆင် အကိတ်ဆင် ယောကျ်ားမျိုးကို ယခုလို နဖူးတွေ့ဒူးတွေ့ အနီးကပ် မြင်ဖူးခဲ့သည် မဟုတ် ။

" ဒီ အုတ်ခဲက ကျွန်တော်သွားမယ့်လမ်းမှာ ရှိနေတဲ့ဟာကို... ကျွန်တော် နမော်နမဲ့ နိုင်တာ မဟုတ်ဘူး... "

လင်းမာန်ခ ကလည်း ဆတ်ဆတ်ထိ မခံ ပြန်စွာပေးလိုက်သည် ။
သူ့စကားကြောင့် ကိုထင်လင်းက ပြုံးသွားသည် ။
ကြောက်စရာကောင်းသော မျက်နှာ​ကြီးနှင့် ခပ်တည်တည် နေတတ်သော လူမိုက်ကြီးက ယခုလို ပြုံးလိုက်တော့လည်း မိမိုက်နေပြန်သည်ဟု လင်းမာန်ခ ခံစားလိုက်ရသည် ။

" အေးပါကွာ... မင်းအပြစ် မဟုတ်ပါဘူး... အုတ်ခဲ အပြစ်ပါ... ဟုတ်ပြီလား... "

လင်းမာန်ခ ကိုထင်လင်း ကို မကျေမနပ် မျက်နှာထားနှင့် ပြန်ကြည့်ပေးလိုက်သည် ။
ကိုထင်လင်း က ပြုံးနေရင်းက သူ့ကို မေးလာသည် ။

" ကျော်ထိုက်ကော... "

" ထွက်သွားပြီလေ... ဘာလို့လဲ... "

" မင်း မလိုက်သွားဘူးလား... "

" ကျွန်တော်က ဘာလို့ သူနဲ့ လိုက်သွားရမှာလဲဗျ... "

" မသိဘူးလေ... မင်းက သူ့ကို အတင်းမေးနေတော့ သူနဲ့ လိုက်သွားချင်တယ် ထင်လို့လေ... "

လင်းမာန်ခ ကိုထင်လင်းကို မျက်စောင်းထိုးလိုက်မိသည် ။
ပြီးမှ ပြန်ဖြေလိုက်သည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now