အခန်း (၁၂)
လင်းမာန်ခ ကိုကျော်ထိုက်နှင့်အတူ ဆေးရုံကို အပြေးလိုက်သွားလိုက်ရသည် ။
လမ်းတွင် ဖြစ်ပျက်ပုံ အကြမ်းဖျဥ်းလောက်ကို သူ မေးကြည့်လိုက်သေးသည် ။" ဟိုဘက်လမ်းက ကောင်တွေ... အကိုတို့အဖွဲ့နဲ့ ငြိနေတာ ကြာပြီ ... ခဏခဏ ရန်စနေကြတာ... ဒီညလည်း မထိတထိ လာစလို့ ပြဿနာ တက်ရာကနေ ရန်ဖြစ်ကြတာ... ဒီကောင်တွေက ကြိုတင်ကြံစည်ပြီး ဓားပါ ယူလာလိမ့်မယ်လို့ အကိုတို့ မထင်ထားခဲ့မိဘူးလေ... "
လင်းမာန်ခ ဆေးရုံကို ရောက်သွားတော့ ကိုထင်လင်း ၏ ဓားဒဏ်ရာမှာ ရှပ်ထိသွားခြင်းသာ ဖြစ်ကြောင်း သိရပြီး စိတ်သက်သာရာ ရသွားရသည် ။
သို့သော်လည်း ရင်ဘတ်တစ်ဝိုက်တွင် ခုနစ်ချက်တောင် ချုပ်ထားရသည် ဆိုသောကြောင့် လင်းမာန်ခ တွေးကြည့်ပြီး စိတ်မကောင်း ဖြစ်သွားရသည် ။" ကောင်လေး... ဘာလို့ လိုက်လာတာလဲ... ငါ့ကို စိတ်ပူလို့လား... "
" ချီးကို စိတ်ပူရမှာလား... ဒီတိုင်း အိပ်မပျော်လို့ ဆေးရုံဘက်ကို လမ်းလျှောက်ထွက်လာတာ... "
လင်းမာန်ခ က တမင် ရွဲ့၍ ဖြေလိုက်တော့ ကိုထင်လင်းက တဟားဟား ရယ်သည် ။
ရယ်နေရင်းမှ မျက်နှာရှုံ့မဲ့သွားလေသည် ။" အ... ကျွတ်ကျွတ်... ရယ်လိုက်တာ ရင်ဘတ်က ဒဏ်ရာ က နာသွားသလိုပဲ... "
" ဟင်... တကယ်လား... အဲ့တာဆို ကျွန်တော် အခု ဆရာဝန် သွားခေါ်ပေးရမလား... ဒါမှမဟုတ် သူနာပြုကို အရင်သွားခေါ်ရမလား... "
ယောက်ယက်ခတ်ကာ လှုပ်ရှားနေသော သူ့လက်ကို ကိုထင်လင်းက ဆွဲကိုင်လိုက်သည် ။
" ယောက်ယတ်ခတ်မနေနဲ့ ကောင်လေး... ငါ ဘာမှ မဖြစ်တော့ဘူး... ဆေးရုံက ဆရာမတွေကို ဒုက္ခသွားပေးမနေနဲ့... "
ကိုထင်လင်းက သူ့ကို ပြုံးပြပြီး ဖြေလာသည် ။
" နေစမ်းပါဦး... ထင်လင်း... မင်း ခေါင်းတွေဘာတွေများ ထိသွားတာလားဟင်... "
အနောက်တွင် ရပ်နေသော ကိုကျော်ထိုက် က အထူးတဆန်းပုံစံဖြင့် မေးလာခြင်းဖြစ်သည် ။
ကိုကျော်ထိုက် အမေးကြောင့် ကိုထင်လင်းက ခပ်တည်တည်နှင့် ခေါင်းဆတ်ပြလိုက်သည် ။
ဘာပြောချင်တာလဲဟု မေးသည့်သဘော ။
YOU ARE READING
အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ်
Mystery / Thrillerဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ... လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။ သူ့အဖေက သူ ၂နှစ်သားထဲက ဆုံးသွားခဲ့ပြီဖြစ်တယ် ။ သူ့အဖေရဲ့ ဒိုင်ယာရီ အရ သူ့အဖေ ချစ်တဲ့သူက ယောကျ်ားလေးတစ်ယောက်ဆိုတာ သူ သိခဲ့တယ် ။ ...