အခန်း (၂၁)

642 69 31
                                    

အခန်း (၂၁)

ကိုထင်လင်း၏ အမူအရာ ပြောင်းသွားပုံကို လင်းမာန်ခ နားမလည်နိုင် ဖြစ်မိသွားသည် ။
ဘာတုန်းဟ... အစတုန်းက သူပဲ ငါ့ကို မထိတထိ ပါးစပ်နဲ့ အသားယူပြီး စလိုက်နောက်လိုက် လုပ်နေခဲ့တာ မဟုတ်ဘူးလား ။
အခုကျမှ ဘာကိစ္စ အဲ့လောက်ကြီး ရုတ်တရက် sensitive ဖြစ်သွားရတာလဲ ။
ငါက ပါးလေးပဲ နမ်းလိုက်တာလေ ။
ကစ်ဆင် ဆွဲလိုက်တာလည်း မဟုတ်ဘူးကို ။

" ၂၀၀၄ ခုနှစ်ကို ကြိုဆိုပါတယ်... "

စတိတ်စင်ပေါ်မှ အဆိုတော်က အော်ပြောလိုက်သည် ။
လင်းမာန်ခ ကတော့ ယိုင်နဲ့သွားသော သူ့ကိုယ်သူ လဲမကျသွားအောင် အားပြုရပ်လိုက်ရသည် ။
သူသာ ယခုထက် သတိပေါ့နေခဲ့လျှင် ကျိန်းသေပေါက် မြေပေါ် လဲကျသွားနိုင်သည့် အားနှင့် အတွန်းခံလိုက်ရခြင်းဖြစ်သည် ။

" မင်း ငါ့နောက်လိုက်ခဲ့ လင်းမာန်ခ... "

ကိုထင်လင်းက သူ့ကို အေးစက်စက် ပြောလာသည် ။
လင်းမာန်ခ စိတ်ထဲ ဒေါသ ထောင်းကနဲ ထွက်သွားရသည် ။
ဒီလောက်လေးနဲ့ သူက ဘာဖြစ်နေတာလဲ ။
အဲ့လောက် စိတ်တိုစရာ လိုနေလို့လား ။

ကိုထင်လင်း က ရှေ့က ထွက်သွားသည်မို့ သူလည်း မထူးတော့ပြီမို့ အနောက်က လိုက်သွားလိုက်သည် ။
လူရှင်းသော နေရာဆီသို့ ကိုထင်လင်းက သွားနေသည် ။
ဆူညံသံတွေ ဝေးသွားပြီ ဆိုသည်နှင့် ကိုထင်လင်းက သူ့ကို စကားစပြောလာသည် ။

" မင်း ခုနက ဘာလုပ်လိုက်တာလဲ... "

ကိုထင်လင်းက အသံမာမာနှင့် သူ့ကို မေးလာသည် ။

" နမ်းလိုက်တာလေ... ဘာဖြစ်လို့လဲ... "

လင်းမာန်ခ ကလည်း ဂျစ်ကန်ကန် ပင် ပြန်ဖြေလိုက်သည် ။
ကိုထင်လင်းက သူ့ကို တအံ့တသြ ကြည့်လာပြီး မေးလာသည် ။

" မင်းက သောက်ခြောက်လား... "

" လိတွေ လာမေးနေတာလားဗျ... ဟုတ်တော့ကော ဘာဖြစ်လဲ... ခင်ဗျားကို ဘာထိခိုက်နေလို့လဲ... "

ရုတ်တရက် သောက်ခြောက်ဟု အပြောခံလိုက်ရသောကြောင့် လင်းမာန်ခ စိတ်ဆိုးပြီး ပြန်ပြောလိုက်မိခြင်း ဖြစ်သည် ။
သို့သော် သူ၏ စိတ်လိုက်မာန်ပါ အဖြေက သူ့ကိုယ်သူ ဂေးတစ်ယောက်ဟု ဝန်ခံမိသွားသလို ဖြစ်သွားလေသည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now