အခန်း (၂၉)

718 68 49
                                    

အခန်း (၂၉)

ဆိုင်ပြန်ရောက်တော့ ကိုထင်လင်း က သူ့ကို ထိုကိစ္စနှင့် ပတ်သတ်၍ ဘာမှ မမေးတော့ပေ ။
သူလည်း ထိုကိစ္စနှင့် ပတ်သတ်ပြီး ဘာမှ မပြောချင် ။
ကိုထင်လင်း က သူ့ကို တစ်ချက်ကြည့်ကာ လုပ်စရာရှိသည်တို့ကိုသာ လုပ်နေလေတော့သည် ။

အခုတော့ ကောင်းရောပဲ ။
ညက ကိစ္စအတွက်လည်း ဘာမှ ပြောစရာ မလိုတော့ဘူး ဆိုတော့ မျက်နှာလည်း မပူရတော့ဘူးပေါ့ ။
လင်းမာန်ခ အကောင်းဘက်ကသာ လှည့်တွေးလိုက်တော့သည် ။

ညဘက်ရောက်တော့မှ ကိုထင်လင်းက သူ့ကို စကားစပြောလာသည် ။

" လင်းမာန်ခ... မင်း ဒီညကစပြီး ကိုယ့်အခန်းထဲမှာပဲ အိပ်တော့ ... "

" ကိုထင်လင်းကကော... "

" ကိုယ် အပြင်မှာပဲ အိပ်လိုက်မယ် ... "

" ဒါပေမယ့် အပြင်မှာ ခြင်တွေကိုက်တယ်လေ... "

" ရတယ်... ငါလည်း ညဥ့်နက်မှ အိမ်ပြန်တာဆိုတော့ ကိစ္စမရှိဘူး... "

" ဒါ... ဒါပေမယ့်... "

သူ ဆက်ပြီး အထွန့်တက်ဖို့လုပ်သော်လည်း ကိုထင်လင်းက စကားအဆက်မခံတော့ပေ ။

" ဒါပေမယ့် မနေနဲ့တော့... ငါ အဆင်မပြေရင် အိမ်ထဲသွားပြီး ဖေဖေနဲ့ အိပ်လည်းရတယ်... မင်းသာ အခန်းထဲမှာ အိပ်... ဟုတ်ပြီလား... "

ဒီလိုဆိုတော့လည်း ကိုထင်လင်း က အေးစက်စက်နိုင်ပေမယ့် သူ့အပေါ် စဥ်းစားပေးသားပဲ ဟု လင်းမာန်ခ တွေးပြီး ကျေနပ်သွားမိသည် ။
ဒါပေမယ့်လည်း သူနဲ့ တူတူအိပ်တော့ သူက ဘာလုပ်မှာကျလို့လဲ ။
ကိုထင်လင်း က သူ့ကို ကြည့်ကာ တစ်စုံတစ်ခုကို ပြောသင့်မပြောသင့် စဥ်းစားနေပုံရပြီးမှ မထူးတော့ဘူးဟူသည့်ပုံနှင့် ပြောလာသည် ။

" နောက်ဆို အပြင်သိပ်မထွက်နဲ့... စိုးကျော်လို ကောင်မျိုးတွေ ဒီမြို့ထဲမှာ အများကြီးရှိတယ်... ဂရုစိုက်... ဒီနေ့လိုမျိုး ငါ မင်းကို အမြဲ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ... "

လင်းမာန်ခ ခေါင်းသာ ညိတ်ပြလိုက်ပြီး အခန်းထဲကို ဝင်သွားလိုက်သည် ။
ဒီနေ့အတွက် သူ ပင်ပန်းနေပြီမို့ နားချင်ပြီ ဖြစ်သည် ။
ကိုထင်လင်းကတော့ ညဘက် ထုံးစံအတိုင်း ထွက်သွားသည် ။
ဘယ်အချိန် ပြန်ရောက်မည်ကို သူ အရင်လို စောင့်မနေတော့ဘဲ အိပ်ပျော်အောင် အိပ်လိုက်လေတော့သည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now