အခန်း (၃)

1.1K 92 16
                                    

အခန်း (၃)

လင်းမာန်ခ စက်ဘီးပေါ် ပြန်တက်လိုက်သည် ။
စက်ဘီးက ခုနက ဘရိတ်တစ်ချက် ကြောင်သွားခြင်းသာ ဖြစ်ပြီး ယခုတော့လည်း ဘရိတ်က ပြန်မိနေပြန်သည် ။

ဒါက ငါ့အမေ ပြောသလို အိမ်ကထွက်ခါနီး စက်ဘီးကို သေသေချာချာ မစစ်ဆေးခဲ့လို့ နေမှာ ဟုလည်း သူ တွေးမိသွားသေးသည် ။
လင်းမာန်ခ သူ့အဖေနှင့် သူ့အဖေ၏ crush တို့ နင်းသွားသော စက်ဘီးအနောက်သို့ မှီအောင် လိုက်နင်းရသည် ။

ထွန်းမာန်ဆင့် က အရှေ့မှ နင်း၍ ကျော်ထွဋ်ခေါင် က အနောက်က လိုက်စီးခြင်းဖြစ်သည် ။
လင်းမာန်ခ ထိုမြင်ကွင်းကို ကြည့်ရင်း အတွေးနယ်ချဲ့မိလိုက်သေးသည် ။

ငါ့ဖေဖေက အရှေ့က နင်းတာ... ဟိုဦးလေးကြီးက အနောက်က လိုက်စီးတာဆိုတော့... ကြည့်ရတာ ဖေဖေက အပေါ်ထပ်များ ဖြစ်နေမလား မသိဘူး ။
အဲ... ဒါပေမယ့်လည်း ဖေဖေက တစ်ဖက်သတ် ကြိုက်နေတာဆိုတော့ ဟိုဦးလေးကြီးက စထရိတ်လည်း ဖြစ်နေနိုင်တာပဲ ။
ဟိုကသာ စထရိတိ ဆိုရင် ဖေဖေက အောက်ထပ်ဖြစ်ပြီပေါ့... ။

လင်းမာန်ခ သူ့ဖေဖေကို အပေါ်ထပ် ပေးတက်လိုက် ၊ အောက်ထပ်ပေးဆင်းလိုက်နှင့် တစ်ယောက်ထဲ အတွေးများနေသည် ။
အတွေးများနေရင်းမှ သူ့အရှေ့က နင်းသွားသော သူ့ဖေဖေ၏ စက်ဘီးကို ​မျက်ခြေပျက်သွားလေသည် ။

ပွဲစျေးဘက်ကို ရောက်သွားသောကြောင့် ဆိုင်ကယ်များ ၊ စက်ဘီးများ ၊ ကားများ ရှုပ်လာပြီ ဖြစ်သောကြောင့် သူ ဘယ်လိုပဲ ကြိုးစားရှာပါစေ ... သူ့ဖေဖေ၏ စက်ဘီးကို မတွေ့တော့ချေ ။
ငါ့ဖေဖေ လူပျိုဘဝက ငါ့ထက်တောင် စက်ဘီးနင်း ကြမ်းသေးတယ်ဟ ဟုလည်း သူ တွေးလိုက်မိသည် ။

ဖေဖေ့ကို မတွေ့မှတော့ မေမေ့ကို အရင်တွေ့အောင် ရှာရမည်ဟု လင်းမာန်ခ တွေးလိုက်သည် ။
မေမေ့ကို သူ အရင်တွေ့မှ ဖြစ်မည် ။
မေမေ့ကို တွေ့သည်နှင့် အကြောင်း တစ်ခုခု ပြပြီး ဒီနေရာက ခေါ်ထုတ်သွားရမည်ဟုလည်း သူ တွေးထားသည် ။

ပွဲစျေးတန်းက လူတွေစည်ကားလှသည် ။
ဤသို့ စည်ကားလွန်းသော နေရာတွင် လူရှာရသည်မှာ ထင်သလောက်မလွယ်လှပေ ။
သူ့ဖေဖေတို့ နှစ်ယောက်ကိုတောင် သူ မျက်ခြေပြတ်သွားတာ... သူ့မေမေကို ရှာဖို့ဆိုလျှင် ပိုတောင် ခက်ချေဦးတော့မည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now