အခန်း (၃၀)

1.1K 79 39
                                    

အခန်း (၃၀)

တကယ်တော့ ရေချိုးခြင်းသည် တကယ်ကြီး ရေချိုးရင်းနှင့်သာ ပြီးဆုံးသွားသည် ။
လင်းမာန်ခ ခမျာ အများ​ကြီး မျှော်လင့်ခဲ့မိသော်လည်း တကယ်ကြီး ရေပဲ ချိုးခဲ့ရသည်မို့ မကျေမနပ်တော့ ဖြစ်မိလိုက်သေးသည် ။

သူ့အဝတ်တွေကို ရေချိုးဖို့ ချွတ်ရစဥ်က သူ့မှာ ရှက်ခဲ့သေးသည် ။
ဘောင်းဘီတိုလေးနှင့် ကိုယ် crush နေသော ယောကျ်ားတစ်ယောက် အရှေ့တွင် ရှိရခြင်းအတွက် သူ ရင်မခုန်ဘဲ နေနိုင်ပါ့မလား ။
ကိုထင်လင်း ကတော့ သူ့ကို စနောက် နောက်ပြောင်ရင်း ရေပဲချိုးနေလေသည် ။

ဒါကြီးက ငါဖတ်ဖူးတဲ့ ဝတ္ထုတွေထဲကလိုလည်း မဟုတ်ပါဘူး ။
ငါဖတ်ဖူးတဲ့ BL ဝတ္ထုတွေမှာဆို ရေချိုးတဲ့အခန်းဆိုရင် မင်းသားနှစ်ယောက်က ဘာညာဘာညာတော့ ရှိကြပြီလေ ။
အခုတော့ တကယ်ကြီး ရေပဲ ချိုးတာတဲ့လား ။
ပျင်းဖို့ကောင်းလိုက်တာ... ။

သို့သော် ကိုထင်လင်း၏ ပေါင်ကြားက တစ်ချက် တစ်ချက် လှုပ်သွားသည်ကို သူ သတိထားမိသည် ။
သူ့ရဲ့ လှပတဲ့ အသားအရည်လေးနဲ့ ခန္ဓာကိုယ်ကို မြင်တာတောင် လှုပ်ရုံပဲ လှုပ်တာတဲ့လား ။
အဲ့ထက် မပိုဘူးပေါ့လေ ။
ကိုထင်လင်း ဆိုတဲ့ ဘဲကြီးမှာ ကျိန်းသေပေါက် လိင်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေလိမ့်မယ် ။

ထင်လင်းတစ်ယောက်ကတော့ သူ့ဟာသူ လှုပ်လာတိုင်း ပြန်ပြန် ကျသွားစေဖို့ ရေအေးတွေ တစ်ခွက်ပြီး တစ်ခွက် လောင်းချနေရသည် ။
ထိုအဖြစ်ကိုတော့ လင်းမာန်ခ တစ်ယောက် မသိရှိခဲ့ရပါချေ ။

ရေချိုးသည်မှာ ဆယ်မိနစ်ခန့်သာ ကြာလိုက်သည် ။
သူ ထွက်သွားဖို့တောင် အချိန်စောနေသေးသည် ။
အခန်းထဲ ဝင်ပြီး အဝတ်အစား လဲပြီးသည်နှင့် သူ ခိုးထွက်ဖို့ ကြံစည်တော့သည် ။
သို့သော် သူ ထွက်မည် ကြံသည်နှင့် ကိုထင်လင်းက သူ့ကို မိသွားလေတော့သည် ။

" ဟေ့...  ဒါက ဘယ်ကို သွားမလို့လဲ... ကိုယ်ပြောထားတယ် မလား... မလိုအပ်ရင် အပြင်မထွက်ပါနဲ့ ဆိုတာကို... "

လင်းမာန်ခ သွားရမည့် ​ခြေလှမ်းပင် တုန့်သွားရသည် ။
သို့သော် သူ မသွားလို့လည်း မဖြစ် ။
ဒီနေ့ သူ ပြောင်းလဲရမည့် ကိစ္စက နည်းနည်း ကြီးသည် ။
မိဘတွေ၏ ဖိအားက သားသမီးတွေအတွက် ကြီးမားလွန်းသည် ။
သူ့ဖေဖေ ထိုဖိအားကြောင့် သူ့မေမေကို မချစ်ဘဲ ရွေးခြယ်လိုက်မည်ကို လင်းမာန်ခ မလိုလားပါချေ ။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now