အခန်း (၁၃)

625 62 6
                                    

အခန်း (၁၃)

ဒီနေ့က နှစ်သစ်ကူး New Year နေ့ ဖြစ်သည် ။
သူ့ဖေဖေ ဒိုင်ယာရီ အရ ဆိုလျှင် ထိုနေ့တွင် သူ့ဖေဖေနှင့် ဦးကျော်ထွဋ်ခေါင် တို့ အတူတူ ရှိခဲ့ကြသည် ။
သူတို့မြို့တွင် ည ၁၂ နာရီ မီးရှူးမီးပန်း ဖောက်သည့် ကွင်းပြင်ကြီး ရှိသည် ။
ယနေ့ ထိုကွင်းပြင်တွင် New Year ပွဲ ရှိနေသည် ။
ထိုကွင်းပြင်တွင် မီးရှူးမီးပန်း ဖောက်သည်ကို အတူတူ ကြည့်ကြရန် ဖြစ်သည် ။

သို့သော် ည ၁၂ နာရီ တိတိအချိန်တွင် ဖေဖေနှင့် အတူ ရှိသော သူမှာ ဦးကျော်ထွဋ်ခေါင် မဟုတ်ခဲ့ပေ ။
ထိုအစား သူ့မေမေ ဖြစ်နေခဲ့သည် ။

အဘယ်ကြောင့် ဦးကျော်ထွဋ်ခေါင် က ဖေဖေ့အနားတွင် မရှိတော့ဘဲ သူ့မေမေက ရောက်နေခဲ့ရသည်ကို လင်းမာန်ခ နားမလည်နိုင် ။
ထို့အပြင် သူ့ဖေဖေကလည်း ထိုအကြောင်းအရာကို အသေးစိတ် ရေးမထားပေ ။
ထိုအစား ထိုနေ့သည် စိတ်ပင်ပန်းလွန်းရသော နေ့တစ်နေ့ ဖြစ်သည် ဟုသာ သူ့ဖေဖေက ရေးထားခဲ့သည် ။

ကြည့်ရသည်မှာ ထိုနေ့ညက သူ့ဖေဖေခမျာ ဒိုင်ယာရီ ရေးဖို့ကိုတောင် တော်တော်လေး ပင်ပန်းနေခဲ့ပုံပေါ်သည် ။
ထိုညတွင် ဘာတွေ ဖြစ်သည် ဆိုသည်ကို လင်းမာန်ခ သိလိုလှသည် ။
ထိုညအတွက် သူ နှစ်သစ်ကူပွဲ ကျင်းပသည့် ကွင်းကို သွားဖို့အတွက် အစီအစဉ် ချလိုက်သည် ။
သို့သော် ထိုနေ့မနက်မှာပင် ကိုထင်လင်းက သူ့ကို ပြောလာခဲ့သည် ။

" ညကျရင် New Year ပွဲ ကို ကိုယ်တို့ တူတူ သွားကြရအောင်လေ လင်းမာန်ခ... "

" အာ... ခင်ဗျားက မနေ့မှ ဆေးရုံက ဆင်းလာတာလေ... New Year ပွဲ သွားရင် ဒဏ်ရာက ပိုးဝင်နေဦးမယ်... မသွားပါနဲ့... အိမ်မှာပဲ နားနေလေ... "

အမှန်တော့ ကိုထင်လင်း ပါနေလျှင် သူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မည် မဟုတ်သောကြောင့် လင်းမာန်ခ ကိုထင်လင်း ကို အိမ်တွင် နေခိုင်းလိုက်ခြင်း ဖြစ်သည် ။

" ဘာလို့နေရမှာလဲ... ကိုယ့်ဒဏ်ရာက အပေါ်ယံလေးပဲ ထိတဲ့ဟာကို... "

" ဒါပေမယ့် ခုနစ်ချက်တောင် ချုပ်ထားရတာလေ... "

လင်းမာန်ခ ကလည်း အလျှော့မပေးဘဲ ပြန်ပြောသည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Onde as histórias ganham vida. Descobre agora