အခန်း (၂၈)

688 59 43
                                    

အခန်း (၂၈)

လင်းမာန်ခ မနက်ကျတော့ ခပ်စောစော နိုးလာသည် ။
သူ့ကိုယ်သူ ကြည့်လိုက်တော့ ကိုထင်လင်း အခန်းထဲ ရောက်နေသည် ။
ကိုထင်လင်း ကုတင်ပေါ်မှာ သူ အိပ်လျက်သား ဖြစ်နေပြီး ကိုထင်လင်းကိုတော့ မတွေ့ရပေ ။

ဘုရားရေ... သူ ညက မူးသွားခဲ့တာပဲ ။
မူးပြီး အသိလွတ်သွားပြီး ကုတင်ပေါ်တက်... ပြီးတော့ ကိုထင်လင်း နဲ့ အိပ်လိုက်မိတာလား ။
လင်းမာန်ခ သူ့အတွေးနှင့်သူ တုန်လှုပ်သွားသည် ။

သွားပါပြီ... ငါ့ရဲ့ အပျိုစင်ဘဝလေး... ငါ့ရဲ့ ဗာဂျင်လေး.... ။
အဲ့လို မဖြစ်ရဘူးလေ ။
အသိစိတ်လွတ်နေတဲ့အချိန် အဲ့လို မဖြစ်ရဘူး ။

ငါက အသိစိတ် ရှိနေတဲ့အချိန်မှာမှ အရသာကို အပြည့်အဝ ခံစားချင်တာလေ ။

လင်းမာန်ခ သူ့ဖင်ကို သူ စမ်းကြည့်လိုက်သည် ။
နာကျင်နေခြင်း မရှိ ။
သွေးထွက်နေခြင်း မရှိ ။
မြန်မာကားတွေထဲကလို ဘေးနားမှာ ဖန်ခွက်တွေ ကွဲနေတာ... ပန်းတွေ မွစာကြဲနေတာမျိုးလည်း မတွေ့ရချေ ။

ဟင်... အဲ့တာဆို ညက သူ့ကို ကိုထင်လင်း က ဘာမှ မလုပ်ခဲ့ဘူးပေါ့ ။
ဒါမှမဟုတ် ... လုပ်တော့ လုပ်လိုက်ပေမယ့် ကိုထင်လင်းဟာက အရမ်းသေးနေလို့ သူ ဘာမှမဖြစ်သွားတာများလား ။
( လင်းမာန်ခ တစ်ယောက် ထိုအတွေးအတွက် နောင်တွင် နောင်တအကြီးကြီး ရလိမ့်မည်ကို သူကိုယ်တိုင်လည်း မသိခဲ့ပါချေ ။)

သူ ခြေကို ဖွဖွလေး ဖော့နင်းရင်း အခန်းပြင် ထွက်လာလိုက်သည် ။
ငါ ညက ကိစ္စ ကို မသိသလို နေရမယ် ။
အပြင်ခန်းက ငါ့အိပ်ယာမှာ ငါ တိတ်တိတ်လေး သွားပြန်အိပ်ရမယ် ။

လင်းမာန်ခ အတွေးနှင့်အတူ အပြင်ဘက်က သူ့အိပ်ယာလေးဆီသို့ ထွက်လာလိုက်သည် ။
အိပ်ခြင်မူးတူးနှင့် စောင်ကို ဆွဲလှန်လိုက်ပြီးမှ စောင်အောက်တွင် ခေါင်းမြီးခြုံအိပ်နေသော ကိုထင်လင်း ကို တွေ့သွားပြီး လန့်သွားသောကြောင့် စောင်ကို ချက်ချင်း ပြန်ဖုံးလိုက်ရသည် ။

လင်းမာန်ခ အခုမှ ညက ကိစ္စတွေကို ခပ်ရေးရေး သတိရလာသည် ။
ညက သူ ကိုထင်လင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး သြဇာသီးတွေ ကျွေးခဲ့မိတာပဲ ။
ဘုရားရေ... ငါ ဘယ်လို သတ္တိမျိုးနဲ့ မြို့ရဲ့ လူမိုက်ကြီးကို အဲ့လို ပြောရဲခဲ့တာပါလိမ့် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now