အခန်း (၂၄)

720 74 24
                                    

အခန်း (၂၄)

သူ့ဖေဖေက သူ့ဘက်ကို လှည့်ကြည့်လာသည် ။
အား... ဒီအချိန်မှာ ကျွန်တော့်ကို မသိဘူးလို့တော့ မပြောလိုက်ပါနဲ့နော် ဖေဖေရေ ။
ဒါ ဖေဖေ့ရဲ့ သားအလိမ္မာလေးပါနော် ။

" ဟုတ်လား သားမာန်... ဒါ သားသူငယ်ချင်းလား... "

သူ့ဖေဖေက တစ်ခုခု ပြောမလို့ လုပ်နေစဥ်မှာပင် ဦးကျော်ထွဋ်ခေါင် က ဖြတ်၍ ဝင်ပြောလာသည် ။

" ဟုတ်ပါတယ် အန်တီ... ဒါ သားတို့ သူငယ်ချင်း လင်းမာန်ခပါ... ညက သူလည်း အိမ်မပြန်တော့ဘဲ ဒီမှာ တူတူလိုက်အိပ်တာပါ... "

ဦးကျော်ထွဋ်ခေါင် က သူ့ကယ်တင်ရှင်ပဲ ။
လင်းမာန်ခ ယခုမှပင် သက်ပြင်းချနိုင်လိုက်သည် ။
သူ့ဖေဖေကတော့ ဘာမှမပြော... ဒီအတိုင်း ငြိမ်နေသည် ။

" သြော်... အဲ့တာဆို သားပါ အန်တီတို့နဲ့ ​ မနက်စာ ​ဝင်စားသွားလေ... "

သူ့ဖွားဖွားက ခေါ်လာသောကြောင့် လင်းမာန်ခ ငြင်းလိုက်ရသည် ။

" ဟို... ဟိုလေ... သားက အလုပ်သွားရဦးမှာမို့ မစားတော့ဘူးနော် အန်တီ... "

" ရပါတယ်ကွယ်... ခဏပဲဟာကို... ဒါဆို မေမေ မနက်စာ ပြင်ထားမယ်နော်... သားမာန်... သူငယ်ချင်း နှစ်ယောက်ကိုခေါ်ပြီး ထွက်လာခဲ့... "

" ဟုတ်ကဲ့မေမေ... "

ဖွားဖွား ထွက်သွားသည်နှင့် သူ့ဖေဖေက သူ့ဘက်လှည့်ကာ မေးလာသည် ။

" မင်း... ဘယ်လိုလုပ် အခန်းထဲ ရောက်နေရတာလဲ... "

" ဟို... ပြူတင်းပေါက်ကနေ ကျော်ဝင်လာတာ... "

သူ မဝံ့မရဲ ပြန်ဖြေလိုက်သည် ။
သူ့ဖေဖေက ဦးကျော်ထွဋ်ခေါင် ဘက်ကို လှည့်ပြီး လှမ်း​ပြောသည် ။

" ဒီကောင် တစ်ခုခု ခိုးမလို့နေမှာ.... ထွဋ်ခေါင်... မင်းက ဘာလို့ သူ့ဘက်က ကာပြောပေးနေရတာလဲ... "

" မာန်ဆင့်ရယ် ... လင်းမာန်ခ က လူကောင်းလေးပါကွာ... မနေ့ညက ငါတို့ ပြဿနာတောင် သူဝင်ဖြေရှင်းပေးလို့ အဆင်ပြေသွားတာ မဟုတ်လား... "

သူ့ဖေဖေက ဒါလည်းဟုတ်တာပဲလေ ဟူသောအကြည့်ဖြင့် သူ့ကို ကြည့်လာသည် ။
ပြီးမှ ထပ်မေးလာသည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now