အခန်း (၁၉)

671 69 21
                                    

အခန်း (၁၉)

" ကိုကြီးထင်လင်း ... ညီမလေး ဟိုဘက်မှာ မီးရှူးဖောက်တာ သွားကြည့်ချင်တယ်နော်... "

ထို ရွှေမှုံ ဆိုသော ကောင်မလေးက အသံလေး အိညှက်အိညှက်နှင့် ပြောလာသည် ။
လင်းမာန်ခ ထိုမိန်းကလေး၏ အသံကို မြင်ပြင်းကပ်လာသည် ။
ဒီအသံက နဂိုထဲက အော်ရဂျင်နယ် အသံလား... ဒါမှမဟုတ် လုပ်ပြောနေတဲ့ အသံများလား ။

" ကိုကြီးထင်လင်း... ညီ ဟိုဘက်က စတိတ်ရှိုး သွားကြည့်ချင်တယ်... သိလား ... "

လင်းမာန်ခ ထို ရွှေမှုံ ဆိုသော ကောင်မလေး၏ အသံအတိုင်း အိညှက်အိညှက်လေး လုပ်ပြီး ကိုထင်လင်းအနား ကပ်ကာ ပြောလိုက်သည် ။
ကိုကျော်ထိုက် က လင်းမာန်ခ ၏ အသံကို ကြားတော့ ခွိကနဲ ရယ်လာသည် ။

" လင်းမာန်ခ... မင်း အသံ ခွေးစားသွားတာလား ... ဟားဟား... မသိရင် သစ်တုံးပိနေတဲ့ အသံနဲ့... "

ကိုကျော်ထိုက်၏ စကားက မသိလျှင် ရွှေမှုံကို စောင်းပြောနေသလိုမို့ ရွှေမှုံက သူတို့နှစ်ယောက်ဘက်ကို လှည့်ကာ မျက်စောင်းထိုးလာသည် ။

သူ့မေမေက သူ့ဖေဖေတို့ အတွဲကို ရှာတွေ့လို ရှာတွေ့ငြား ရှာ၍ နှောက်ဖို့ ထွက်သွားလေပြီ ။
ကိုကျော်ထိုက် က လိုက်သွားချင်သော်လည်း သူ့မေမေက အလိုက်မခံဘဲ နေခဲ့စေသောကြောင့် ကိုကျော်ထိုက်ကပါ သူတို့နား ရှိနေရခြင်းဖြစ်သည် ။

" စတိတ်ရှိုး အရင် သွားကြည့်ရအောင်လေ... မီးရှူးတွေက ည ၁၂ နာရီ ထိုးခါနီးမှ ဖောက်တာ ပိုလှတာ... အခုက မလှသေးဘူး ... "

ကိုထင်လင်း ၏ စကားကြောင့် လင်းမာန်ခ ဝမ်းသာသွားရသည် ။
ရွှေမှုံဆိုသော ကောင်မလေးကိုလည်း ' ငါနိုင်တယ် ' ဟူသော အကြည့်ဖြင့် ကြည့်ပြီး အောင်နိုင်သူ တစ်ယောက်လို ပြုံးလိုက်သည် ။

" ဟင်... စတိတ်ရှိုး က အသံတွေ ဆူတယ်... ရွှေမှုံက အဲ့အသံတွေ မခံနိုင်ဘူး ဆိုတာ ကိုကြီးထင်လင်း လည်း သိရဲ့သားနဲ့... "

ရွှေမှုံက ခုနကလိုပင် အသံလေး အိညှက်အိညှက်နှင့် ပြောပြန်သည် ။

" အော်... ဟုတ်သားပဲ... ငါ မေ့နေတာ... ရွှေမှုံက ဆူညံတဲ့ အသံတွေ မခံနိုင်ဘူးဆိုတာ... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now