အခန်း (၂၃)

637 70 21
                                    

အခန်း (၂၃)

လင်းမာန်ခ ဆိုင်ထဲကို ဝင်လာတော့ ကိုထင်လင်း ကပါ အနောက်က လိုက်ပါလာသည် ။
သူ ကိုထင်လင်း ကို စိတ်ဆိုးနေတာနှင့် ကိုကျော်ထိုက် ကို ကျေးဇူးတင်စကားပင် မပြောလိုက်ရ ။
အမှန်ဆို ကိုကျော်ထိုက်က သူ့ကို စိတ်ပူပြီးတောင် အိမ်လိုက်လာပြီး သတင်းမေးရှာသေးတာ မဟုတ်လား ။
နောက်နေ့တွေ့မှ ကိုကျော်ထိုက် ကို ကျေးဇူးတင်စကား ပြောလိုက်ဦးမည်ဟု လင်းမာန်ခ တွေးလိုက်သည် ။

လင်းမာန်ခ ကိုထင်လင်း အခန်းထဲ ကို ဝင်လိုက်သည် ။
အရင်ရက်တွေက ကိုထင်လင်း က သူ့အခန်းထဲ ဝင်အိပ်ဖို့ ပြောထားသောကြောင့် သူ ကိုထင်လင်း ခုတင်အောက် ကြမ်းပြင်တွင် အိပ်ယာခင်း၍ အိပ်ခဲ့သည်မှာ လေးငါးရက် ရှိခဲ့ပြီ ဖြစ်သည် ။

" မင်းက ငါ့အခန်းထဲ အိပ်မလို့လား... "

ကိုထင်လင်း က အနောက်က ပါလာရင်း သူ့ကိုမေးလာသည် ။
ကိုထင်လင်း အသံက သူ ဂေးမှန်းသိသွားပြီး သူ့ကို မအိပ်စေချင်သလိုလို ဘာလိုလိုနှင့် ။

" ရူးနေလား .... ခင်ဗျားနဲ့ အိပ်မယ့်အစား ခွေးလေး ဂျက်ကီနဲ့ပဲ အိပ်လိုက်မယ်... "

ကိုထင်လင်း က သူ့စကားကြောင့် ပြုံးသွားသလို ဖြစ်သွားသည် ။
သို့သော် သူ့ဘာသာသူ ပြန်ထိန်းလိုက်ပုံနှင့် မျက်နှာကို တည်လိုက်ကာ ပြန်ပြောလာသည် ။

" မင်း ညဘက်ကို ထူးထူးဆန်းဆန်း တွေ မလုပ်ဘဲ အေးအေးဆေးဆေး အိပ်မယ်ဆိုရင်တော့ ဒီမှာပဲ ဆက်အိပ်လို့ရပါတယ်... "

အံမယ်... ပြောသည့်ပုံကိုက မသိလျှင် သူကပဲ သိက္ခာမဲ့ အရှက်မဲ့သူ တစ်ယောက် ကျနေတာပဲ ။
သူ သူ့စောင်နှင့် ခေါင်းအုံးကို ဆွဲယူလိုက်သည် ။

" ကျွန်တော်က အေးအေးဆေးဆေး မအိပ်တတ်ဘူး... ညဘက်အိပ်ရင် ယောင်ပြီး အပေါ်ကနေ တက်ခွတတ်တယ်... အဲ့တာကြောင့် အပြင်မှာပဲ အိပ်တာ ပိုအဆင်ပြေလိမ့်မယ်... "

လင်းမာန်ခ ရွဲ့ပြောလိုက်ပြီး အခန်းအပြင်ကို ထွက်လာကာ ခေါက်ဆွဲဆိုင်၏ စားပွဲများကို ဆက်ပြီး သူ့အတွက် ကုတင်လုပ်ကာ စောင်ခင်း၍ အိပ်လိုက်သည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now