Part.1

19.7K 1.5K 125
                                    

Lily White နန်းဆောင်းဥယာဥ်ထဲ အဖြူရောင်နှင်း
ဆီပန်းတွေဖွေးဖွေးလှုပ်အောင်ပွင့်နေတယ်။
Pennyroyal ခရမ်းရောင်နွယ်ရိုင်းပန်းတွေခြံထဲ.ဟို
တစ်စုဒီတစ်စု။လေညှင်းသွဲ့သွဲလေးတိုက်ခိုက်
သွားတိုင်းမွှေးပျံတဲ့ပန်းရနံတွေကို Taehyungရူ
ရိူက်မိတယ်။Lily Whiteက သုံးထပ်ပင်မ နန်းဆောင်ကြီးဖြစ်ပြီး အင်ပါယာရဲ့အလှဆုံးOmegaမိဖုရားစံမြန်းတယ်။ သိပ်သေချာတာပေါ့...Kim Taehyungကဒီအင်ပါယာရဲ့အလှဆုံး
ပြိုင်ဘင်ကင်းOmega။

ကျောက်စိမ်းပမာလှပတဲ့ လက်ချောင်းသွယ်သွယ်
တို့က သလင်းရောင်ဖန်ခွက်ကိုလှမ်းကိုင်လိုက်သည်။ ဖန်ခွက်ထဲရှိအနီရောင်စပျစ်ဝိုင်ကိုဇိမ်ခံ
သောက်ရင်းTaehyung အတွေးတစ်ချို့အတိတ်
ရေဝဲဂယက်ထဲရောက်သွားပြန်၏။သူရဲ့အချိန်
တော်တော်များများကို အဓိပ္ပါယ်မဲ့အသုံးချရတာ
အကျင့်တောင်ပါသွားပြီ။သူက အရင်
Kim taehyungမဟုတ်တော့ဘူး။အပြုံးတွေ
ပျောက်ကွယ်သွားပြီးမျက်နှာသေကြီးသာ
သူပိုင်ဆိုင်တော့တယ်။

Taehyungရဲ့အဖေမှာကောင်စီဝန်ကြီးတစ်ယောက်ဖြစ်ပြီးအမေကတော့ အင်ပါယာရဲ့အလှ
ဆုံး အိုမီဂါ အမျိုးသမီး။ အမေ့ဆို​အင်ပါယာ ဘုရင်ရဲ့ချစ်မြတ်နိုးမူ့နဲထိုက်တန်ခဲ့သော်လည်း၊တုံးအစွာပင် အဖေ့လိုသာမာန်အရာရှိတစ်ယောက်ကိုသာရွေးချယ်ခဲ့တယ်။ အမေ..Taehyungထက်
အများကြီးကံကောင်းပါတယ်လေ....ဘာပဲ ဖြစ်ဖြစ် အိမ်ထောင်ဘက်ရွေးချယ်ခဲ့သူကို စိတ်မပျက်ခဲ့ရဘူး။နွေးနွေးထွေးထွေးလိုလိုချင်ချင်ဆက်ဆံတာခံရတယ်။Heatကာလကိုလည်း ဆိုးဝါးတဲ့တားဆေးထိုးဆေးတွေနဲ့မကျော်ဖြတ်ရ
ဘူး။အဲ့အတွက် Taehyungဝမ်းသာတယ်။
အချစ်နဲ့အာဏာယှဥ်လိုက်ရင်ဘာအရေး
လဲ။ တစ်ချို့လူတွေ အာဏာရွေးပေမဲ့၊
Taehyungကတော့ အချစ်ပဲရွေးမှာ။ လူတစ်ယောက်က ကိုယ်မှကိုယ်ဖြစ်နေတဲ့ ခံစားချက်မျိုး
ကိုသိပ်သဘောကျတာပဲ။ အရူးအမူး ကိုယ်တစ်
ယောက်ထဲဆီကိုပဲကျရှုံးစေချင်တယ်။

Taehyung ဝရံတာဘောင်တန်းကိုခေါင်းမှီကာ.
အနီရောင် Kiss me quick ပန်းခင်းကြီးကိုလှမ်းငေး
မိတယ်။ဒီလိုနေရာကြီးမှာ ပန်းတွေနဲ့အဖော်ပြုတာ
ဘယ်လောက်ကြာပြီမှန်းသူမမှတ်မိဘူး။ဘယ်
ဘက်လက်သူကြွယ်မှာဝယ်ထားတဲ့ လက်စွပ်ကွင်း
လေးသာရှိမနေခဲ့ဘူးဆိုရင် ကိုယ့်ကိုကိုယ်လူပျို
လို့ထင်နေမိဦးမှာ။ တစ်စုံတစ်ယောက်ရဲ့အပိုင်
တဲ့....Taehyungဟက်ကနဲသာရယ်ချမိလိုက်တယ်။

Queen ConsortWhere stories live. Discover now