Part.12

13K 1.5K 385
                                    

King Jeonနဲ့အတူနေရသည့်နေ့များသည်လည်း
လှောင်အိမ်နဲ့သိပ်မခြားနားပါပဲ။Taehyungဘဝကအသက်ရှင်လျှက်ရည်မှန်းချက်ပျောက်နေသူလို
ဝိုးတိုးဝါးတား။အတိတ်ကိုလည်းပြန်မတွေးချင်
သလိုအနာဂတ်ကိုသိပ်မစဥ်းစားချင်။ပစ္စုပန်
မှာ အကောင်းဆုံးနေထိုင်ပြီး၊အားလုံးရဲ့အထက်
မှာရပ်တည်နိုင်ရမယ်။Kingတင်မက ဘယ်သူ့မှ
သူ့ကိုမလိုချင်ဘူးဆိုရင်လည်း အဖတ်လုပ်ဂရု
စိုက်နေမည်မဟုတ်။ပြန်လည်မွေးဖွားလာ
ပြီးနောက် Taehyungအာသီသပြင်းပြင်းလိုချင်
ခဲ့သည်မှာ ရွှေငွေချမ်းသာကြွယ်ဝခြင်းဆိုတဲ့
ရုပ်ပိုင်းဆိုင်ရာဒြပ်ပစ္စည်တွေမဟုတ်ပဲ၊ဂုဏ်သိ
က္ခာဆိုတဲ့စိတ်အာဟာရသည်သာ။

Taehyung ဘာဖြစ်လို့ဂျောင်ထိုးခံရတာလည်း။
Jungkookဆီကချစ်ခြင်းမေတ္တာကိုခံယူဖို့မထိုက်
တန်တာလည်း။နောက်ဆုံး အဖြေထွက်လာသည်
ကတော့ ကိုယ့်စိတ်ကိုလှောင်ပိတ်မိခြင်းသာ။

အရှေ့အရပ်မှနေမင်းနဲ့အတူTaehyungနေ့ရက်တွေပြန်လည်တောက်ပလာတယ်။နောက်တစ်ခါ...
ဘုရားသခင်ကိုစိတ်ပျက်အောင်မလုပ်တော့ဘူး
လို့သူကတိပေးတယ်။

Goldenက Lily Whiteနှင့်မတူ နိုင်ငံရေးအရှုပ်
အရှင်းများသည်။ထိုအချက်ကြောင့်Taehyung
သည်လည်း ဘယ်မှလျှောက်မသွားနေပဲခန်းဆောင်ထဲတွင်သာအများဆုံးနေဖြစ်၏။တစ်
နေကုန်အခန်းထဲအောင်းပြီး..သူကြိုက်တဲ့ရုပ်ရှင်
ကြည့်တယ်၊စာဖတ်တယ်၊ဝိုင်သောက်တယ်၊စန္ဒယားလေ့ကျင့်တယ်။တွေးရုံနဲ့တင်အရမ်းပိတ်
လှောင်မွန်းကျပ်နေတယ်.. ဟုတ်။လွတ်
မြောက်ခြင်းဆိုတဲ့ တံခါးကိုဖွင့်နိုင်ဖို့သော့မရှိ
သေးသ၍... မပျော်လည်းပျော်အောင်နေတတ်ရမယ်။

"အရှင်...."

အခန်းတံခါးတွန့်ဖွင့်ပြီးဝင်လာတဲ့Elisaကြောင့်
Taehyungဖတ်လက်စ စာအုပ်ကို ပိတ်လိုက်တယ်။

"King က ရုံးခန်းထဲလာဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

"ငါ...နားလည်ပြီ"

."ဟုတ်ကဲ့...အရှင်

Eliasa၊Rosaနှစ်ယောက်လုံးအရင်လိုသူ့အနား
သိပ်မကပ်ရဲတော့။Kingကိုယ်တိုင်က အဲ့လိုတရင်း
တနှီးဆက်ဆံတာတွေမကြိုက်ကြောင်းခေါ်ပြော
ထားတယ်။အဲ့အတွက်သူညီမလေးလိုဖြစ်နေတဲ့
အပျိုတော်နှစ်ယောက်လုံးကိုအားနာရ၏။ထို့
နည်းတူ စန္ဒယားလာသင်တဲ့ အစ်ကိုPark seojoon
ကိုရော။စန္ဒယားသင်တဲ့အချိန်တိုင်းရောက်ရောက်
လာတက်ပြီးကပ်ဖျက်ယက်ဖျက်လုပ်နေတဲ့King
ကြောင့်အားတုံအားနာဖြစ်ရပြန်၏။

Queen ConsortWhere stories live. Discover now