Part.4

12.5K 1.4K 225
                                    

Taehyung... Royal Blueဆီကိုရောက်လာခဲ့ပြန်တယ်။နန်းတော်ကြီးရဲ့အရိပ်အာဝါသကိုအငွေ့
အသက်ကိုခံစားလိုက်ရသည်နှင့်Taehyung ခြေထောက်တွေချိနဲ့လာရတယ်။ အရမ်းခမ်းနားကြီးကျယ်တဲ့ နေရာကိုခြေချရမှာတောင် မနှစ်မြို့။ ဟို အရင်အချိန်ဒီနန်းတော်ကြီးထဲ အစွန့်ပစ်ခံရတဲ့ ခံစားချက်ကြီးနဲ့လူရောစိတ်ပါ ချုံးချုံးကျခဲ့တယ်။Monaပေါ်King Jeonရဲ့ ကြင်နာဂရုစိုက်မူ့
တွေမြင်တိုင်းအားကျခဲ့ပြီး မနာလိုမရူ့စိမ့်လည်းဖြစ်မိတယ်။သူကရော....အချစ်ခံဖို့မထိုက်တန်လို့လား။ JeonJungkook စိတ်ထဲ Kim Taehyungဆိုတဲ့လူကဘယ်လိုOmegaမျိုးလဲ။ Monaနဲ့ယှဥ်ရင်အပြတ်အသတ်ရူံးနိမ့်သူလဲဖြစ်ချင်ဖြစ်မှာ။

"အရှင်....ဆင်းလို့ရပါပြီ"

အရာရှိလေးက ပြေးကာဘေးဘက်တံခါးအားဖွင့်ပေးလာသည်။မိုးတပေါက်ပေါက်ရွာနေသေး
ကြောင့် Taehyungနောက်ထီးတော်မိုးသည်လည်း
အသင့်။လူအများတရိုတရေလေးလေးနက်နက်ဆက်ဆံခံနေရလည်းTaehyungမပျော်ပိုက်။ ဒီ
ပတ်ဝန်းကျင်၊ဒီအသိုင်းအဝိုင်းတစ်ခုလုံးကသူ
ရဲ့အပယ်ခံဘဝကိုလှောင်ရယ်နေကျမှာ။
Taehyungစိတ်ထဲအားငယ်နေသော်လည်း၊သူ
၏ပင်ကိုမျက်နှာ အေးစက်တည်ကြည်မူ့ကြောင့်.ရဲဝင့်နေသည့် ကျားသစ်ပျိုအလား။ချောမော
လှပသည်မျက်နှာလေးမှာဆွဲဆောင်ဖျားယောင်း
မူ့အပြည့်။Taehyung နန်းတော်၏ ရုံးဌာထဲခေါင်း
မော့ဝင်လာသည်ကိုတွေ့သောအခါ Betaရုံးဝန်ထမ်းတွေမှာအလုပ်ရှုပ်နေရာမှထကာခေါင်း
ငုံအလေးပြုကျသည်။ ထယ်ယောင်းသည်ကား
အပြုံး လှလှလေးတစ်ချက်သာပေးပြီးစည်းကမ်း
ထိန်သိမ်းရေးဌာနဆီသို့လျှောက်သွားတော့သည်။

ရုံးဝန်ထမ်းတွေမှာဆူညံပွက်လောရိုက်ပြီးကျန်ခဲ့ရတယ်။သူတို့အင်ပါယာဘုရင်မ ကလှတယ်။အဲ့ထက်ပြုံးလိုက်ရင်ကမ္ဘာကြီးပါအရည်ပျော်ကျသွားရော။

သူတို့သာ King Jeonနဲ့နေရာချင်းလဲလို့ရရင်ကောင်းသား။အလှလေးကိုတစ်မိနစ်၊တစ်စက္ကန့်
ပိုင်ဆိုင်ရလည်း အရူံးဆိုတာမရှိဘူးလေး။

Taehyungခြေထောက်တွေက စည်းကမ်းထိန်းသိမ်းရေးဌာနနဲ့နီးလေလေ၊ပိုလေးလံလာ
လေပဲ။ဒါပေမဲ့ သူ လုပ်ထားတဲ့အပြစ်အတွက်ဝန်
ခံရဲတဲ့သတ္တိလည်းရှိနေပြန်တယ်။ပင်မတံခါး
ကြီးအားဖြတ်ကျော်ပြီးနောက်ရုံးခန်းအလယ်အပြစ်ပေးဖို့အသင့်စောင့်စားနေတဲ့လူတစ်စုကို
တွေ့လိုက်ရ၏။မျက်နှာစိမ်းအရာရှိတွေရဲ့အလယ်..ကြီးမြတ်လှပါသောအရှင်ဂျွန်ကိုခန့်ခန်းကြီးတွေ့လိုက်ရသည်ကြောင့်Taehyungသွေးတွေဆူပွက်လာတယ်။ထိုလူရှေ့ထပ်ခါထပ်ခါရူံးနိမ့်ခြင်းကအဆိပ်သောက်သေရတာထက်ပိုဆိုးသေး
တယ်။

Queen ConsortWhere stories live. Discover now