Part.13

12.7K 1.4K 354
                                    

Mona၏ နန်းဆောင်အတွင်းလူသူစည်လျှက်ရှိသည်။သန်းဘက်ခါတက်ရမဲ့ ပွဲအတွက် ဂုဏ်ယူ
ကြောင်းလာရောက်ပြောဆိုသူတွေလည်းရှိသလို၊
တစ်ခြားဝန်ကြီးအမတ်ကတော်များမှလည်း..
အကောင်းဆုံးဆိုတဲ့လက်ဝတ်ရတနာပစ္စည်းများ
ကိုထုတ်ပေးလာသည်။Royal BlueရှိMona၏
ဖြစ်တည်မူ့ကိုဘယ်သူမှလျှော့တွက်လို့မရ။  ထို့အတူသူ့ပြိုင်ဘက် Kim Taehyungသည်လည်းရိုးသားလှသူမဟုတ်ပါ။ Monaနဲ့မျက်နှာချင်းဆိုင်တိုင်းလှောင်ထေ့ငေါ့နေကျ။ အင်ပါယာဘုရင်မကသူ့အပေါ်အ​ကြောင်းမဲ့မုန်းတီးနေ​ကြောင်းကို မျက်စိပါသူတိုင်းမြင်တယ်။ လူတွေရဲ့အထင်အမြင်ကိုအသုံးချပြီးMonaမှာ ကြိုတင်အကြံကြီးကြီးထုတ်ထား၏။

ထိုသည်မှာ Kim Taehyung နှင့် ပွဲတက်outfit
ဆင်တူဝတ်ခြင်းပင်။Royal Blueရှိကြင်ယာတော်
Omegaတိုင်း ကိုယ်ပိုင်Desingerကိုယ်စီရှိတယ်။
ပွဲတက်အတွက်အထူးဝတ်ချင်တဲ့ အရောင်၊အဆင်ဒီဇိုင်းကိုပြောပြလိုက်ရုံနဲ့Desingerတွေက
အကောင်းဆုံးဖြစ်အောင်ချုပ်န်ိုင်တယ်။
Monaသူ့အကြံအစည်တိုင်း ...အင်ပါယာဘုရင်မ ပွဲတက်ဝတ်စုံ ဒီဇိုင်းကို လူလွှတ်စုံစမ်းစေတယ်။Golden​ထဲ Charlie၏ လူ Jassရှိသည်ကြောင့်...ဒီကိစ္စ စုံစမ်းရသည်မှာအရမ်းကြီးခက်ခဲပင်ပန်း
နေသည်တော့မဟုတ်။ရလာတဲ့ ဒီဇိုင်းမူကြမ်းနဲ့ တစ်ထေရာတည်းတူတဲ့ ပွဲတက်ဝတ်စုံ တစ်စုံကို
သာချုပ်ခိုင်းလိုက်သည်။

Monaရဲ့ဖြူဖျော့ဖျော့ အသွင်သဏ္ဍန်လေးနဲ့ကွဲ
လွဲစွာပင်နှုတ်ခမ်းတွေမှာ ကောက်ကျစ်စဥ်းလဲ
စွာပြုံး၏။သူ့ရှေ့နေ့လည်စာ စားပွဲပေါ်တွင် အမဲသားကင်၊ငါးကြော်ကဲ့သို့အစာအာဟာရနဲ့ ပြည့်စုံတဲ့ဟင်းတွေအပြင် နွားနို့တစ်ပိုင့်ကိုပြင်ဆင်
ချပေးထားသည်။ Mona ဒီစားနေကျ ဟင်းပွဲ
တွေအပေါ်ငြီးငွေ့နေပြီ။ ကြွပ်ကြွပ်အိတ်ဝါးနေ
ရသလိုပဲ ဘာအရသာမှမရှိဘူး။ဒီနေ့မနက် နန်း
ဆောင် ဖုန်း ကနေ တစ်ဆင့်King Jeonအား Mona
ဖုန်းဆက်ခဲ့သည်။​နေ့လည်စာ အတူများစားချင်
မလားပေါ့။ ဝမ်းနည်းစရာကောင်းစွာပင်...King
ကသူ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။အဲ့အစား... ပျားရည်နဲ့ဝမ်းချသလို ဂရုစိုက်နေဖို့.စကားတွေသာတစ်တွတ်တွတ်မှာကြားပြီးဖုန်း
ချသွားခဲ့သည်။ဒါကပဲ....Monaစိတ်ကိုပိုအစွန်း
ရောက်စေလားမသိ။သူ မနက်ဖြန်ပွဲတက်ဖို့မစောင့်နိုင်တော့ဘူး။
မာနကြီးပြီးမောက်မာတဲ့ အင်ပါယာဘုရင်မ က
သူနဲ့ဂုဏ်ချင်းတန်းညိူတာကိုကြိုက်ပါ့မလား။
သေချာပေါက်...ဘယ်လက်ခံပါ့မလဲ။

Queen ConsortМесто, где живут истории. Откройте их для себя