Part.32

12.5K 1.4K 175
                                    

အခန်းထဲ တိတ်ဆိတ်မူ့သာကြီးစိုးနေသည်။
Jeon minseokကအဲ့လိုလူမျိုးလား။သူ့လုပ်ဆောင်
ချက်တိုင်း Crownprince Jeon jungkookအတွက်
ပါဆိုပြီး တဖွဖွစကားထဲထည့်ပြောတဲ့သူ၊အင်ပါယာရဲ့အကျိုးစီးပွားကလွဲ ဘာထီနန်း ရာထူးမှ
မမက်ဖူးဆိုတာ အားလုံးအလိမ်အညာတွေပေါ့။
သိုးရေခြုံထားတဲ့ဝံပုလွေလိုပဲကောက်ကျစ်စဥ်း
လဲတယ်။ထီးနန်း အရိုက်အရာတင်မက ..
Crownprice ရဲ့အသက်ကိုပါလုပ်ကြံရဲတယ်။

"သူလျို ထဲမှာ မင်းနဲ့Charlieအပြင်ဘယ်သူတွေ
ပါသေးလဲ"

"သေချာပေါက် နှစ်ယောက်တည်းပေါ့..."

အိမ်လေးရဲ့အပြင်မှာတော့သက်တော်စောင့်တစ်
ချို့ကဟန်ဆောင်ဘိုးဘွားကန်တော်ပွဲ ကြီးကိုပြင်
ဆင်ပေးနေကျတယ်။Kim မိသားစုရဲ့အရှိန်အဝါ
ကပေါ့ပေါ့သေးသေးမဟုတ်ပါ။ နောက်ယောင်
ခံသတင်းသမားတွေအားလှည့်စားရန်အနည်းငယ်
တော့အလုပ်ရှုပ်ခံကျရသည်။

"Lee hanmin မပါတဲ့အတွက် King စိတ်ဖိစီးမူ့
လျှော့သွားမှာပါ...သူ့အသက်နဲ့King Jeonကို
အလဲအလှယ်ပေးသွားတဲ့ သူငယ်ချင်းကောင်းပါ"

Nan subinခေါင်းငိုက်စိုက်သွားတယ်။သူလည်း
ဒီတပ်စုရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။ အချင်း
ချင်းကူညီဖေးမတတ်တဲ့ရဲဘော်စိတ်ထားလည်း
အပြည့်ရှိပါတယ်။ရပ်တည်မူ့ မတူညီတဲ့အခါ...
မိတ်ဆွေကနေရန်သူဖြစ်သွားတယ်။သေမတူ
ရှင်မကွာအနေအထားကနေ   နောက်ဆုံးကျည်
ဆန်ဘယ်သူ့အတွက်လဲ ဖြစ်ကုန်ကျတယ်။

"အဲ့နေ့အကြောင်းကို သေချာပြောပြ"

ဒေါသကိုချိုးနှိမ်ထားတဲ့King အသံမှာအခန်းထဲ
ရှင်းလင်းပြတ်သားစွာပေါ်လာခဲ့တယ်။Nan subin
ခေါင်းကို ညိမ့်ရင်းတစ်လုံးချင်းစီပြတ်ပြတ်သား
သားပြောလာခဲ့တယ်။

"အဲ့နေ့က ထုတ်ပေးလိုက်တဲ့ စက်သေနတ်တွေ
အကုန်အကောင်းတွေကြီးပဲ။ငါတို့စခန်းရောက်
မှ လဲလိုက်တာ"

Flash Back

ည ည့်ပို့နက်လေ အချမ်းဓာတ်ကပိုကဲလာရ၏။
ပိုးကောင်မွှားကောင်လေးတွေရဲ့အသံမှအပ
၊ ပတ်ဝန်းကျင်တစ်ခုလုံးဆိတ်ငြိမ်လို့။ကင်း
စောင့်တဲ့နှစ်ယောက်မှလွဲ တပ်စုတစ်ခုလုံး အိပ်
ပျော်နေသည်။ကင်းစောင့်ရဲဘော်နှစ်ယောက်မှာ
​မြေပြင်လုံခြုံရေးကိုသတိထားရသလို၊တစ်ချက်ချက်လည်း လက်နက်ဂိုဒေါင်အားလှမ်းကြည့်ရသေး၏။သေနတ်တစ်လက်၊ကျည်ဆံတစ်
ထောင့်ပျောက်ရင်တောင် သူတို့စစ်ခုံရုံးတင်ခံရ
မှာ။
နက်ဖြန်မနက်မစ်ရှင်ရှိသေးသည့်အတွက်... မိုး
လင်းအထိ duty စောင့်စရာမလို။မနက် တစ်နာရီ
ကျော်ကျော်တွင်Charlieနဲ့Nan subinရောက်လာကာအလှည့်ကျတာဝန်ခွဲယူသည်။

Queen ConsortWhere stories live. Discover now