Part.9

13.2K 1.5K 428
                                    

Monaမျက်ဝန်းဝိုင်းလေးတွေက King Jeonအပေါ်.
အားကိုးသမူ့နဲ့ကြည့်လာခဲ့သည်။Jungkookဘယ်
လိုလူမျိုးဆိုတာသူအသိဆုံး။အားနည်းချက်
အားသာချက်ကိုလည်းကောင်းကောင်းသိတယ်။
Kim Taehyungကတော့သူနဲ့ဆန့်ကျင်ဘက်ပါပဲ။
King Jeon အကြောင်း ဂဎဏန မသိ တဲ့အပြင်
မောက်မာတဲ့အကျင့်စရိုက်လည်းရှိပြန်
သေးတယ်။

Jungkookသည်လည်း သူ့မိဖုရားဗိုလ်ကျအနိုင်ကျင့်မူ့ကြီးကိုကြည့်ကာ ဘယ်လိုဆုံးဖြတ်ချက်ချရမည်ကိုမသိတော့။အင်ပါယာဘုရင် ဘေးနားအတူတွဲထိုင်ရသည်က.တရားဝင်လူသိရှင်ကြားလက်
ထပ်ယူထားရတဲ့ဘုရင်မပဲလေ။Taehyungမှာအဲ့လိုပြောဆိုပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့်ပြောရင်ပင်၊ရလျှက်သားနဲ့အဲ့ဒီလိုမောက်မာရိုင်းစိုင်းပြသည်ကိုတော့လက်မခံနိုင်။

"Mona... Taehyungပြောတဲ့အတိုင်းလုပ်ပေးလိုက်"

CharlieမှာJungkookဆုံးဖြတ်ချက်ကိုမတရားဘူး
ထင်ကာအံတကျိတ်ကျိတ်။သုံးယောက်စားသောက်ရင်ပြီးနေပြီဥစ္စာ။ဇာတ်လမ်းတွေရှုပ်အောင်ဒီအဖိုးကြီးသားကိုစားသောက်ပွဲအထိခေါ်
လာရတယ်လို့။

Monaလည်းဘာမှမတတ်နိုင်တော့။Kingကိုယ်တိုင်ကဟိုဖက်ကိုအလေးသာလွန်းနေသည်မဟုတ်လား။ကလန်ကဆန်စိတ်ရှိတိုင်းထလုပ်လိုက်ရင်
နောင်ရေးအတွက်မကောင်း။King Jeonအမြင်
ထဲ၊လူတွေအားလုံးရဲ့ရူ့ကွင်းထဲ သူက သနား
စရာအကောင်းဆုံး၊သဘောထားကြီးမြတ်သူပဲ
ဖြစ်နေရမှာ။ဒါ့ကြောင့်တအင့်အင့်ရှိုက်သံပိစိလေးနဲ့ ခုံလေးမ.ရင်းCharlieဘေးနားသို့ရော​က်သွားတော့သည်။
နောက်လိုက်အပျိုတော်တစ်ယောက်က ဘုရင်မ
ထိုင်ဖို့အတွက်ခုံကိုအသင့်ဆွဲယူထုတ်ပေးလာတယ်။Taehyungထိုင်မည်အပြု Alpha၏ ကျော
ချမ်းစေလောက်တဲ့အကြည့်တစ်ခုနဲ့ရင်ဆိုင်လိုက်
ရသည်။

"ပြန်တောင်းပန်လိုက်..."

"ဘာတုန်း...ငါမိဖုရား ခေါင်းငုံတောင်းပန်ရလောက်အောင်ဘာအမှားမှကျူးလွန်မထားဘူး"

Taehyungအသံလှိုင်းမှာတည်ငြိမ်ပြီးပြတ်တိပြတ်
တောင်း။ခပ်ချီချီမော့ထားတဲ့မျက်နှာပေးကြောင့်
တစ်ဖက်လူကိုစိတ်ဆိုးဒေါသထွက်စေတယ်။

Queen ConsortWhere stories live. Discover now