Part.15

14.3K 1.5K 255
                                    

Lily Whiteဆီဦးတည်သွားတဲ့ခြေလှမ်းကျယ်တွေနဲ့အတူ ၊ လက်ကောက်ဝတ်ကိုတင်းကျပ်းစွာစုပ်ကိုင်ထားတဲ့အားလည်းမလျှော့ခဲ့။ Omegaတစ်ယောက်အပေါ် ဒီလောက်အားမသုံးသင့်မှန်း
King Jeonနားလည်ပါသည်။ တမင်နာကျင်စေ
ချင်လို့လုပ်မှန်းသိသည်ကြောင့် Taehyungတစ်ချက်တောင်ပါးစပ်မှထုတ်မည ည်း။Jungkook
အကြမ်းပတမ်းခေါ်ရာနောက်ကိုသာအလိုက်တသိလေးပါလာခဲ့သည်။

Lily White ၌မီးထိန်လင်းအောင်ထွန်းထားပေမဲ့၊
အထဲတွင်လူဆိုလို့တစ်ကောင်တစ်မှီးမှပင်မရှိပါ။
နန်းဆောင်တံခါးကိုဝုန်းကနဲခြေထောက်ဖြင့်ကန်ကျောက်ဖွင့်ရင့် အထဲသို့အားနဲ့ဆွဲခေါ်လာသည်ကား အကျဥ်းသားပမာ။Taehyungလက်အားဆောင့်ဆွဲတွန်းထုတ်လိုက်သည်ကြောင့် အရှိန်မထိန်းနိုင်တဲ့ Omegaခများ ကြမ်းပြင်ပေါ်ဘုတ်ကနဲ။

"မင်း နဲ့ခုနက စကားပြောနေတဲ့ကောင် ဘယ်သူ
ဆိုတာသိလား"

သွားကျိတ်သံကြီးနဲ့ပြောလာတဲ့ အပြင်၊ Jungkook
ရဲ့မျက်လုံးတွေသည်နီဆွေးလို့။Alphaတွေပိုင်
ဆိုင်လိုစိတ်ကြီးတဲ့အခါ၊သူ့အပိုင်ကို တစ်ပါးသူ
က ကျူးကျော်သမူ့ ပြုတဲ့အခါ.ကျ မျက်လုံးအရောင်ပြောင်းလဲတတ်ပါသည်။

"မင်း အစ်ကိုဝမ်းကွဲ၊ Jeon Minseok...."

Taehyung ပြန်ဖြေသည်ကိုသဘောမကျသည့်
နှယ် Jungkook မျက်နှာ တစ်ဖြည်းဖြည်းတွန့်
ချိုးလာသည်။ Taehyungဘာအပြစ်ကြီးကြီး
ကျူးလွန်မိလည်း ဆိုတာကို စဥ်းစားလို့ပင်မရ။

မတ်တပ်ရပ်နေရာမှ သူ့ရှေ့ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်တဲ့ Jungkook။

"ဒီလောက်ဒေါသထွက်ရအောင် ထူးထွေဆန်းပြား
တဲ့ကိစ္စတွေရှိနေလို့လား"

Taehyung အားမျက်တောင်မခတ်တမ်းကြည့်နေ
တဲ့ Jungkookပုံစံက လေးနက်တည်ကြည်တယ်။
Alphaတစ်ယောက်ရဲ့အတ္တတွေ ကြီးစိုးချယ်လှယ်
ချင်မူ့တွေကြောင့် ခက်ထန်သော မျက်နှာကြော
သည် Taehyungအားအနည်းငယ်ကြောက်ရွံစေ
နိုင်သည်။

"မင်း..သောက်ခေါင်းထဲမှာ ဦးနှောက်မပါတာလား၊
ဒါမှမဟုတ် အသိဥာဏ်လုံးလုံးမရှိတာလား..
ဟမ်... Kim Taehyung၊Jeon minseok က ကောင်းတဲ့အကောင်မဟုတ်ဘူး၊ ငါ့ပြိုင်ဖက်။ ဒီအမြင့်ဆုံး နေရာထိရောက်အောင် ယှဥ်ပြိုင်လာရတဲ့ ငါ့ရန်သူဆိုလည်း မမှားဘူး။  ငါ့မိဖုရားတစ်ပါးအနေနဲ့
ရန်သူနဲ့မိတ်ဆွေ ဘယ်လို ဘယ်ဝါဆိုတာကိုမင်း ခွဲ
ခြားနားလည်သင့်တယ်"

Queen ConsortWhere stories live. Discover now