Part.27

14.2K 1.6K 227
                                    

အားလပ်ရက်တစ်ပတ်အတွင်းRoyal blueတောင်
ဘက်ရှိမြင်းကွင်းသည်ပိုလူစည်နေ၏။အထက်
တန်းအရာရှိများ၊ဝန်ကြီးများ၊စစ်ဗိုလ်ချုပ်များအပါအဝင် တော်ဝင်မျိုးနွယ်စုတစ်သိုက်သည်
လည်း ဝတ်ကောင်းစားလှများဖြင့်မြက်ခင်းစိမ်းထက်ဟန်ပြရှိုးလျှောက်နေကျသည်။သီးသန့်အနားယူဆောင်များ၊ပျော်ပွဲရွှင်ပွဲများအပြင်အ
လတ်စားဂီတဖျော်ဖြေပွဲတွေလည်းရှိတယ်။
မု့န်အချို အစားအသောက်ဘူဖေးများအပြင်၊
ဝိုင်အမျိုးမျိုးသည်လည်းမပြတ်စေရ။ကံကောင်း
လျှင် Royal blueရှိ Omega အချောအလှလေးများ
ကိုပါ မြင်တွေ့ပိုးပန်းနိုင်ခွင့်ရပါဦးမည်။

ဘုရင်နဲ့ဘုရင်မ အတူတူပွဲတက်ခြင်းဆိုတဲ့စည်း
ကမ်းကြီးအားTaehyungချိုးဖောက်လိုက်ဖို့ဝန်မလေးပါ။ရှင်ဘုရင်တစ်ခါထွက်၊ပဲကြီးတစ်လှေချက်ကြာတဲ့ Jungkook အားသူအကြာကြီးမစောင့်နိုင်။
ဒါ့ကြောင့်ကိုယ့်ဆုံးဖြတ် နဲ့ကိုယ် တောင်ဘက်ရှိ
အခမ်းအနားပွဲကျင်းပရာမြင်းကွင်းဆီ ကားငယ်လေးဖြင့်ထွက်လာခဲ့လိုက်သည်။

မြင်းကွင်းထံတစ်ယောက်ထဲပေါက်ချလာသော
ဘုရင်မကြီးအား လူအများက ကွက်ကြည့်ကွက်ကြည့်။ King Jeonနဲ့အတူတူလက်တွဲ ပြီးရောက်မလာဘူးဆိုတော့ကား သို့လောသို့လောပေါ။ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေသောလူတစ်သိုက်အားTaehyungဂရုမစိုက်။သူက အသေးစားသေနတ်ပစ်ကွင်းတွင်မတ်တပ်ရပ်နေသော လူနှစ်ယောက်ဆီကိုသာ ဦးတည်သွားလိုက်သည်။ထိုလူနှစ်ယောက်ကအခြားမဟုတ်...Taehyungအစ်ကိုများဖြစ်ကျတဲ့ Kim woohyungနဲ့ Kim minhyungသာ။

Kim အိမ်က သခင်လေးသုံးယောက်လုံးသည်ထူး
ခြားတဲ့သွင်ပြင်စရိုက်တွေရှိပြီးအတော်လေးလည်းချောမောလှပကျသည်။ Kim ညီအစ်ကိုသုံးယောက် ဘာမှမလုပ်ပဲ ၊မတ်တပ်လေးရပ်နေရင်တောင် ထိုနေရာကအများကြားထင်ရှားပေါ်
လွတ်နေတတ်သည်။

စကားထဲစိတ်ရောက်နေတဲ့ထိုညီအစ်ကိုနှစ်ယောက်မှာTaehyung အနောက်က ကပ်တိုးလေး
ရောက်နေသည်ကိုမသိလိုက်။အလစ်ငိုက်မိကာ..
minhyungခါးကြားထဲရှိ ပစ္စတိုမှာ လုယူခြင်းခံ
လိုက်ရ၏။ Minhyungသည်လည်းအထူးတပ်
သားပီပီ ပစ္စတိုအားလာလုသောလက်လှလှလေး
အား ဆွဲညှစ်ဖမ်းလိုက်သည်။

Queen ConsortWhere stories live. Discover now