Part.29

13.7K 1.5K 211
                                    

ဒီီဖိုင်းရိုးရဲ့ညတွေမှာလူစည်ပေမဲ့ ဆင်ခြေဖုံးရပ်
ကွက်တွေကတော့အနည်ငယ်ပိုပြီးတိတ်ဆိတ်
သည်။ လမ်းချိုးလမ်းသွယ်များပြီးလူနေအိမ်လည်းခပ်စိပ်စိပ်။လူစုကာအနိုင်ကျင့်ဗိုလ်ကျမူ့
များလည်းရှိသည်ကြောင့် Jungkookရော
Taehyungပါ ပိုသတိထားကာ မျက်စိလျှင်လျှင်
ကြည့်နေရသည်။

ဘေးချင်းယှဥ်လမ်းလျှောက်နေသည်ကြောင့်..
သူတို့လက်ကလေးတွေမကြာခဏဆိုသလိုပွတ်
တိုက်မိသွားတယ်။ Taehyung... Jungkookကို
ခိုးမကြည့်ပဲမနေနိုင်တော့။ နဂိုထက် ပိုရဲရင့်
တည်ကြည်တဲ့ Jungkookပုံပန်းသွင်ပြင်က သူ့ကို
ပိုစိတ်လှုပ်ရှားစေတယ်။

Taehyung လက်လေးတစ်ဖက်မှာ....ဂျောင်ကုလက်မောင်းအားဖက်တွယ်လာခဲ့သည်။

"ကြောက်လို့လား...ဒီနေရာတွေကဒီလိုပဲ၊အမြဲတမ်း
လူပြတ်တယ်"

"မကြောက်ပါဘူး...ဒီအတိုင်းခင်ဗျားလက်မောင်း
ကိုဖက်ချင်လာလို့...."

တစ်ခါတစ်လေ ထ ထဖောက်ကာရိုမန့်တစ်ဆန်
တတ်သော အင်ပါယာဘုရင်မကြီးကြောင့်
Jungkookပျော်ရပါသည်။မသိရင်သူတို့နှစ်ယောက်ကြားမကောင်းတဲ့အမှတ်တရတွေဘာမှ
မရှိတော့သည့်အတိုင်း။အရာရာဒီအတိုင်းလေးပဲ
ဆက်ရှိသွားရင်ကောင်းမှာ။

"Jungkook...."

"ဟမ်...."

"အကယ်၍များ၊ မင်းသာ...အင်ပါယာအုပ်ချုပ်သူ
မဖြစ်ခဲ့ရင် ဝါသနာအရဘာလုပ်ဖြစ်မယ်ထင်လဲ"

"ကိုယ်လား...နိုင်ငံလက်ရွေးစင် ဘတ်စကတ်ဘော
သမားတစ်ယောက်ဖြစ်လာမယ် ထင်တယ်"

"မင်းရော...အင်ပါယာဘုရင်မ မဟုတ်ဘဲ သာမာန်
Kim Taehyung ဘဝက ဘယ်လို လူမျိုးလေး"

Taehyung ပြုံးရယ်ကာ Jungkook ပခုံးပေါ်
ခေါင်းမှီချလိုက်သည်။

"ကျွန်တော်က...နာမည်ကြီး အဆိုတော်Model
တစ်ယောက်ဖြစ်နေလောက်မှာ။နောက်ပြီး...
ခင်ဗျားရဲ့ big fanboy လုပ်မယ်လေ၊ခင်ဗျားပွဲတိုင်းရှေ့ဆုံးကကြည့်ပြီးအားပေးမယ်။ဘယ်လို
လည်....ကျွန်တော်တို့လိုက်တယ်မလား"

"ဒါနဲ့... မင်းကျောင်းမှာ ရည်းစားတွေဘာတွေ.ရော
ထားခဲ့ဖူးလား'"

Queen ConsortDonde viven las historias. Descúbrelo ahora