part.23

18.8K 1.6K 192
                                    

"ဒါဆို... King Jeonက ကျွန်တော့်ကိုအစတည်းက
သိနေခဲ့တာပေါ့။ Jeon minseokကြောင့်လက်
ထပ်ခဲ့တာမဟုတ်ဘူးလား။နောက်...Kim အိမ်
တော်ကိုချုပ်ကိုင်ဖို့ ကျွန်တော့်ကို အနားခေါ်
ထားတာရော...အခုထိ သိချင်နေတုန်းပဲ...King
Jeonစိတ်ထဲ ကျွန်တော့်ကိုဘယ်လိုသဘောထား
လဲဆိုတာ"

ရှေ့ရှိဆန်ပြုတ်ပန်းကန်အား ဘေးဘက်သို့
Jungkook တွန်းထုတ်လိုက်တယ်။ပေါင်ပေါ်ရှိ
အလှလေးအား ထမင်းစားပွဲပေါ် ထိုင်ခိုင်းလိုက်
ကာ၊သူက တော့Taehyungရင်ခွင်ထဲခေါင်းအပ်ရင်းတိုးဝှေ့နေမိလိုက်သည်။အဆင်မပြေမူ့၊အချစ်၊ရန်ငြိုး အမုန်းတရားတို့ကိုTaehyung
နားလည်အောင် ရှင်းပြဖို့ခက်တယ်။သူကိုယ်
တိုင်ကလည်း အချစ်၊အမုန်းတရားတွေကြားလွန်
ဆွဲ နေခဲ့ပြီးဒီအခြေအနေထိရောက်အောင်စိတ်ကို
အများကြီးပြင်ဆင်ခဲ့ရတာ။အချိန်တစ်ခုကြာ
သည့်အထိ King Jeon.. Taehyungအမေးအား
ပြန်ဖြေခြင်းမရှိခဲ့ပါ။

"ခင်ဗျား မှာ အဲ့အတွက်တိကျတဲ့ အဖြေမရှိဘူးပဲ။
ရပါတယ်... ကျွန်တော်စောင့်နိုင်တယ်။ အဲ့ထက်..
ကျွန်တော်စိတ်ကျေနပ်စေလောက်မဲ့ အဖြေမျိုးပဲကြားချင်တယ်"

အလောတကြီးမနိုင်Taehyungအသံကတည်ငြိမ်
အေးစက်လျှက်သာ။အသက်ဆယ့်ကိုးနှစ်ဆို
တဲ့အရွယ်ဟာအရမ်းငယ်သေးတယ်မလား။
ကလေးပီပီပျော်ပါးရ​မဲ့အချိန်ဆိုသော်ငြား
Taehyung မှာမူလူကြီးသေးသေးလေးတစ်ယောက်လိုစဥ်းစားတွေးခေါ် နိုင်တတ်ပြီ။

"ကိုယ်မင်းကိုတောင်းပန်ပါတယ်....ကိုယ့်ကြောင့်
အများကြီးပင်ပန်းသွားရပြီ"

Jungkook မှာ Taehyungလက်ဖမိုးလေးအား
ငြင်သာစွာပွတ်သပ်ရင်းတောင်းပန်စကားဆို
လာခဲ့သည်။

" ခင်ဗျားကြောင့်တစ်ခုတည်း မဟုတ်လို့တောင်း
ပန်စရာမလိုဘူး။ အကယ်၍ King Jeon ရွေး
ချယ်တဲ့သူက Monaဖြစ်ခဲ့ရင်တောင် ဒီမိဖုရား
ပေါ် မျက်နှာပူစရာမလိုဘူး။အစတည်းက...ခင်
ဗျားက ကျွန်တော့်Alphaဖြစ်ရမယ်လို့မျှော်လင့်
မထားဘူးလေ။မရွေးခဲ့ရင်လည်း...ခံစားရတာ
သက်သာပါတယ်။ အရင်ထက်စာရင် အများကြီး
ကျွန်တော်ဖြေသာတယ်..."

Jungkook... Taehyungမျက်နှာအားမော့ကြည့်
လိုက်မိသည်။တစ်ကယ်...တောက်တောက်ပပ
ပြုံးနေခဲ့တာ။အဲ့အပြုံးက ပူပြင်းတောက်လောင်
မူ့မရှိဘူး။ ငယ်ရွယ်တဲ့omega အလှလေးရဲ့မျက်
နှာမှာကြည်လင်သန့်ရှင်းနေပြီး၊မျက်လုံးတွေက
အစ တောက်ပရွှန်လဲ့နေသည်။ရုတ်ချည်းဒါဟာ.လူမဟုတ်ဘဲ နတ်သားများလားဆိုတဲ့ခံစားချက်ကိုပေးစွမ်းပြန်၏။

Queen ConsortWhere stories live. Discover now