Part.16

13.5K 1.6K 300
                                    

"အခုလို အချိန်မျိုးမှာ ကိုကိုရှိရင် သိပ်ကောင်း
မှာဘဲ၊ကျွန်တော် ကို့ကို့ကို သိပ်သတိရတယ်..."

တစ်သိမ့်သိမ့်ရှိုက်ငိုရင်းပြောလာတဲ့Monaရယ်။
...ဒီအချိန် အစ်ကိုဖြစ်သူကိုတရုံကလွဲဘာမှလှုပ်
ရှားလို့မရဘူး။King Jeonကိုယ်တိုင်သူ့ကိုကာကွယ်ပေးမယ်လို့ကတိပေးထားတယ်လေ။အခု...MonaဆိုတာKing Jeonကိုအသက်ပေး
ကာကွယ်ရင်းသေ သွားတဲ့Lee hanminရဲ့သွေးသားဆိုတာပြန်အမှတ်ရစေချင်ရုံပါပဲ။Mona သုံးလိုက်တဲ့ အကွက်မှန်ရော့ထင် King Jeonမျက်နှာကွက်ကနဲ ပျက်သွားသလို၊
တရားသူကြီးတွေအားလုံကလည်း သနားသလို.ဝိုင်းကြည့်လာတယ်။

ပြည်သူ့မေတ္တာခံယူလိုက်တဲ့ Monaမျက်နှာကို
Taehyungဆက်မကြည့်နိုင်တော့။ ဒီကိစ္စထဲ ဘာ
မဆိုင်ညာမဆိုင် သေသွားတဲ့အစ်ကိုလုပ်သူအား
ဆွဲထည့်ရတယ်လို့။ရွံစရာတစ်ကယ်ကောင်းတယ်။

"မိဖုရား က တစ်ကယ်ပဲ မင်းအပေါ်အနိုင်ကျင့်
ဆက်ဆံခဲ့တာလား...Mona"

တရာသူကြီးအမေးကို Mona တစ်ခွန်းမှပြန်မဖြေ။
အဲ့အစား ငြိမ်ရင်း မျက်ရည်တွေဝဲနေတယ်။
Taehyungဟမ့်ကနဲသာအသံပြုမိလိုက်၏။

"ကိုယ်ရေးကိုယ်တာခံစားချက်တွေဝင်စွက်ဖက်
လာခဲ့ရင်...တရားမျှတမူ့ဆိုတာတစ်ကယ်မရှိတော့
ဘူးပဲ..."

အင်ပါယာဘုရင်မစကားသံကြောင့်..King Jeon
အပါအဝင် ထိုင်ခုံပေါ်ရှိလူအားလုံးလှုပ်လှုပ်ရွရွ
ဖြစ်ကုန်ကျတယ်။ဒါ...ဝါးလုံးရှည်ကို ချီးသုတ်
ရမ်းလိုက်သလိုပဲ။

"ဘုရင်မ ဘာကိုဆိုလိုချင်တာလဲ"

"အကြောင်းအကျိုး ကိုနားလည်ရင်ပေါ့၊ ငါ့
မိဖုရားရဲ့ ပွဲတက် outfitက ဘာလို့Monaနဲ့တစ်
ပုံစံတည်းတူ သွားရတာလည်း။  ဒီဇိုင်းခိုးခံရ
ပြီးလူလည်ခေါင်မှာဦးချိုးခံခဲ့ရတာငါပါ။ ဘာလို့ သူ့ကိုနစ်နာသူလို့ မြင်နေကျရတာလဲ...."

မာန်ပါပါအသံ အပြင် ခေါင်းချာကနဲလှည့်ပြီး၊
လက်ညိူးကြီးပါကောက်ထိုးလာတဲ့ ဘုရင်မကြောင့် Monaကိုယ်လေးတုန်ကနဲ။Omega
တစ်ယောက်ရဲ့နှုးညံအားနည်းတဲ့သွင် ပြင်
Taehyungမှာလုံးဝမရှိဘူး။Omegaချင်းမပြောနဲ့၊ Alphaတွေတောင် လွှမ်းမိုးနိုင်တဲ့ သြဇာအာဏာအပြည့်။

Queen ConsortKde žijí příběhy. Začni objevovat