Part.3

13.2K 1.4K 86
                                    

အထူးတပ်ခွဲလေးမှာလက်နက်အပြည့်အစုံဖြင့်အရေးပေါ်ကင်းလှည့်ဖို့ပြင်ဆင်ကျတော့သည်။
သိပ်မကြာတဲ့မိနစ်ပိုင်းအနည်းငယ်လောက်တွင်
ဒီနန်းတော်ကြီးထဲမထင်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တယ်။အင်ပါယာဘုရင်မနန်းတော်ထဲကနေခိုးထွက်သွားတယ်ဆိုပဲ။စည်းမျဥ်းအရတော့...ဘုရင်အမိန့်ခွင့်ပြုချက်မရဘဲ ကြင်ယာတော်မိဖုရားအားလုံးသည်နန်းတော်ပြင်ပထွက်ပိုင်ခွင့်မရှိ။ဤနည်းဖြင့် Omegaမိဖုရားတွေအပေါ်ကာကွယ်ထိန်းချုပ်ထားနိုင်သလို၊ လုပ်ကြံသတ်ဖြတ်မူ့အရေးတွေမှလည်းကာကွယ်နိုင်တယ်။

တပ်ခွဲလေးကစစ်သားတွေအားလုံးမှာသေနတ်
ကိုယ်စီကိုင်လျှက်စစ်ဘက်သုံးယာဥ်ကြီးများ
ဖြင့်နန်းတော်ကနေထွက်လာခဲ့သည်။မိုးပေါက်
လေးတွေကအပြင်မှာကွက်တိကွက်ကျား၊ရွာ
သလိုလိုမရွာသလိုလိုနဲ့။ရာသီဥတုကလည်းချမ်း
စိမ့်စိမ့်။

"ငါတို့ဒီလိုကားနဲ့လျှောက်သွားနေလို့တွေ့မှာလား."

စစ်သားတစ်ယောက်ကစကားစလာသည်။ဘေးနားအသက်ခပ်ကြီးကြီးစစ်သားမှာထိုစကားသံ
တိုးတိုးလေးကိုကြားလိုက်သည်ကြောင့်တုံပြန်
ပြောဆိုလာသည်။တစ်ကယ်တမ်းဆို...ကင်းလှည့်
နေချိန်အတွင်း စကားပြောဆိုပိုင်ခွင့်မရှိပါ။သူတို့.ရဲ့တပ်ကြပ် ဘိုလ်ဒင်းအရှေ့ကားခေါင်းထဲ
ရောက်နေလို့ထို့သိုစုပြီးတွတ်ထိုးရဲသာ။

"မပူနဲ့၊တပ်ခွဲ တစ်နဲ့နှစ်က ဘုရင်မကိုမြေလှန်
ရှာလိမ့်မယ်..."

"မနေ့တုန်းကပဲ မြင်းကွင်းမှာခြေချော်ကျပြီးဒဏ်ရာရသေးတယ်ဆို ကြင်ယာတော်က။အခု
လိုရာသီဥတုနဲ့ဆိုအရမ်းကိုက်ခဲနေမှာပဲ"

Alphaစစ်သားလေးတစ်ယောက်မှာသူ့ရဲ့ခံစား
ချက်ကိုဖွင့်ဟလာသည်။ကြီးမြတ်လှပါသော..
Kim ရဲ့အလှကိုမရူးသွပ်ဖူးသောAlphaရယ်လို့
မရှိ။အင်ပါယာရဲ့Alphaတိုင်းအနည်းအများရူး
သွပ်ဖူးကျသူတွေချည်းပဲ။ထိုAlphaစစ်သား
လေးရဲ့စကားကြောင့် ကျန်တဲ့လူတွေအားလုံး
ပိုတိတ်ဆိတ်သွားကုန်၏။မိုးကလည်းပိုသည်း
သထက်သည်းလာတယ်။မြို့ပြဒီဖိုင်ရိုးမှာလူ
ခြေပိုတိတ်ဆိတ်သွားပြီးရဲနဲ့စစ်သားတွေမှာ
ခြေ ချင်းလိမ်လို့။ဘုရင်မ တစ်ခုခုဖြစ်သွားမှာကို
သူတို့အားလုံးစိုးရိမ်ကျတယ်။နောက်ပြီး....
အခုချိန်ထိ King Jeon (Alpha)ရဲ့Markခြင်းကို
မခံရသေးဘူး။ ပြစ်မျိုးမှဲ့မထင်လှတဲ့ တော်ဝင်
ထိပ်တန်းသွေးသန့် Omegaတစ်ယောက်ကိုဘယ်
Alphaမလိုချင်ပဲ ရှိလိမ့်မလဲလေ။ကြားဖူး
နားဝ သိသလောက်ကတော့ ဘုရင်မရဲ့Pheromonesအနံက နှင်းဆီရနံတဲ့။ပြင်းပြ
စူးရှတဲ့အနံဘက်မသွားဘဲ ရတယ်ဆိုရုံခပ်ဖျော့ဖျော့လေးသာ။ ထိုPheromonesအနံရဲ့စွဲဆောင်
မူ့ကAlphaတွေရဲ့စိတ်ကိုရှုပ်ထွေးစေပြီး ထိန်း
ချုပ်ရခက်စေတယ်။ကောင်းမွန်ပြည့်စုံ
တဲ့Pheromonesအနံကိုမီတာအနည်းငယ်အကွာမှတောင်ရနိုင်တယ်တဲ့။

Queen ConsortWhere stories live. Discover now