Part.8

12.8K 1.5K 359
                                    

Lily Whiteရဲ့နန်းဆောင်အတွင်းစန္ဒယားတီးသံ
ညိမ့်ညိမ့်ညောင်းညောင်းလေးပျံလွင့်နေသည်။
အပြစ်အနာအဆာမရှိတဲ့အနုပညာဆန်ဆန်လက်
ကလေးတစ်ဖက်က စန္ဒယားခလုပ်တွေကိုစည်း
ချက်မှန်စွာထိခတ်နေ၏။ပန်းရောင်လက်သည်း
ခွံလေးများက Park seojoon မျက်ဝန်းထဲ နှင်းဆီ
ပွင့်ဖတ်လေးတွေနဲ့တောင်ခပ်ဆင်ဆင်။အနုပညာ၊အလှအပ ခံစားတတ်တဲ့ မျက်ဝန်းတစ်စုံ၊နှလုံးသားတစ်ခုရှိသူ့အဖို့​အင်ပါယာဘုရင်မရဲ့
ကိုယ်ရည်ကိုယ်သွေး၊အလှအပ အားလုံးကိုခိုင်း
နှိုင်းဖွယ်ရာစကားလုံးရှာမတွေ့။ ဂီတသံနဲ့အတူ
လိုက်လျောညီထွေစွာနှလုံးသားသည်လည်းခုန်ပေါက်ကာလှုပ်ရှားနေ၏။ ဂီတက အသံ
ဆိုပေမဲ့၊အသံတိုင်းလိုလိုကိုတော့သံစဥ်ဟုထင်
မှတ်လို့မရ။ အခု Park Seojoonခံစားနေရတာ
လည်းထိုနည်းတူပါပဲ။ရင်ခုန်​တာကို အချစ်လို့
သတ်မှတ်ရင်၊ Kim Taehyung ပေါ်ထားတဲ့သူ့
ခံစားချက်ကိုပြန်ဆန်းစစ်ဖို့လိုတယ်။နောက်
ပြီး အဆုံးသတ်ကလည်း ပျက်စီးခြင်းနဲ့
ဝမ်းနည်းဖို့လည်းတော်တော်ကောင်းမှာ။.

အရမ်းသဘောကျတဲ့ လူတစ်ယောက်ကို
မပိုင်ဆိုင်ရင်တောင်ငေးကြည့်ခွင့်ရှိတယ်မလား။
သူကငေးနေရရုံကျေနပ်တဲ့လူပါ။

စန္ဒယားသံလေးထွက်ပေါ်နေတုန်းပင်။အင်ပါ
ယာဘုရင်မကြည့်ရ​တာစန္ဒယားတီးခြင်းအမူ့
တွင်အလွန့်ကိုပျော့ဝင်နေဟန်။အခြေခံ ဂီတ
နုတ်တွေမှားလို့ ထောက်ပြရလည်းတစ်ခုနှစ်ခု။
ခါးလေးတည့်မတ်အောင်ထိုင်ထားသည့်အတွက်
ပြေပြစ်သော ခါးလိုင်းကြော၊ ဖြူဖွေးသော
လည်ဂုတ်သားလေးတွေမှာရှင်းလင်းထင်ပေါ်
နေ၏။Gland အဖုထုံးလေးနေရာအားPlaster
အုပ်ထားသည်ကြောင့် အနည်းငယ်တော့စိတ်
ထင့်မိသား။Alphaနဲ့ခိုင်မာတဲ့bond ရှိနေတဲ့ Omegaတိုင်းအနံကပ် ပလာစတာသုံးစရာမှမလိုတာ။Omegaရဲ့ Glandထဲ၊အသွေးအသားထဲ Alphaရဲ့Pheromones အနံတွေသာစိမ့်ဝင်ပြီး ၊အပိုင်ဖြစ်စေကာ ကာကွယ်လုံခြုံမူ့ပေးထားသည်။

တစ်ကယ်ပဲ အင်ပါယာဘုရင်မက Alpha. တစ်
ယောက်ရဲ့အပိုင်မ​ဖြစ်သေးဘူးလား။ပြောရ
လျှင် သူလည်းAlphaပဲလေ။အရမ်းလှပြီးချစ်
ဖို့ကောင်းတဲ့Omegaတစ်ယောက်ကိုပိုင်ဆိုင်
ချင်တာက သူ့ဆန္ဒ။အခု သူ့စိတ်ကူးအိမ်မက်နဲ့
တစ်ထပ်တည်းကျတဲ့Omegaက မျက်စိရှေ့တွင်.
ရှိနေသော်လည်းကံမကောင်းစွာပင် သူ့အပိုင်
လို့သတ်မှတ်ပိုင်ခွင့်မရှိဘူး။
ဘယ်ဘုရားသွားအပြစ်တင်ရမလဲ။
နောက်ဆုံးအများကြီးနောက်ကျခဲ့တဲ့ နာရီ၊စက္ကန့်
အပိုင်းအစတွေကိုသာအပြစ်တင်ရုံပေါ့။

Queen ConsortWhere stories live. Discover now