Part.10

13.5K 1.5K 207
                                    

စိမ်းစိုစိုသစ်ပင်တန်းလေးတွေရဲ့အလယ် လှပ
ဝင့်ထယ်သောသုံးထပ်ရေပန်းကြီးတည်ရှိတယ်။
မနက်မိုးလင်း နေရောင်ခြည်က ဘေးပတ်လည်
ဖြာကျနေတဲ့ ရေစက်တွေထဲထိုးဖောက်ဝင်ရောက်
ပြီး ကောင်းကင်ထက် သက်တံကိုဖြစ်ပေါ်စေတယ်။ထိုရင်သပ်ရူ​မောဖွယ်သက်တံကြီးကို Royal Blueရှိ Lily Whiteတစ်ခုထဲမှာပဲမြင်တွေ့နိုင်၏။နေ့ခင်းဘက်ဆို သစ်ပင်တန်းလေးတွေကြောင့်အရိပ်အာဝါသကောင်းကောင်းရပြီးအပူဒဏ်မှလည်းကာကွယ်ပေးထား၏။သစ်ပင်ထက်ငှက်ကလေးတွေရဲ့စကားပြောသံတွေကလည်းတီ
တီတာတာ။ပန်းရုံတွေအများကြီးရှိတာကြောင့်လိပ်ပြာတွေတဝဲဝဲ။Lily Whiteရဲ့အရပ်လေးမျက်နှာတစ်ခွင်ပန်းရနံတွေထုံမွှေးပြီးစိတ်ကိုလန်းဆန်းစေတယ်။နန်းဆောင်ရဲ့ မြောက်ဘက်တွင်လူလုပ်ကျောက်စက်ရေစမ်းချောင်းလေးရှိသလို၊ အမိုးအအုံ့ကြီးနဲ့စနစ်တကျမွေးမြူထားတဲ့ သဘာဝငါးကန်ကြီးလည်းရှိတယ်။အင်ပါယာဘုရင်မက.တစ်ခြားဘာမှလုပ်စရာမရှိဘူးဆို ရင်ငါးကန်သို့​ရောက်လာပြီးငါးစာကျွေးတယ်။ဘုရင်မဘယ်လောက်ဂရုစိုက်လည်းသိချင်ရင် ရွှေငါးတွေဆူဖြိုးနေတာပဲ ကြည့်တော့လေ။

King Jeonမှာနောက်လိုက်ခြွေရံပေါင်းများစွာဖြင့်
Lily Whiteသို့ရောက်လာခဲ့သည်။ဒေါသကြောင့်
Jungkookမျက်နှာအနည်းငယ်နီမြန်းနေပြီး လက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ခပ်မြန်မြန်လျှောက်နေသောခြေလှမ်းတွေနောက်ထီးလိုက်ဆောင်းပေးရတဲ့ ဝန်ထမ်းလေးမှာလည်းမသက်သာလှ။ နေသာနေရာမှရုတ်တရပ်မိုးရွာချသလိုမျိုး ရုတ်ချည်းဆန်လှ၏။ငြိမ်ချမ်းရာLily Whiteထဲ ကတိုက်ကရိုက်၊ဓားမရှိတံခါးမရှိ ဝင်ချလာပုံက အခုချက်ချင်းပဲ အရာအားလုံးဝါးမျိုပစ်တော့မဲ့အတိုင်း။

စွတ်စွတ်ဖြူ Lily Whiteရဲ့ ပင်မ နန်းဆောင်တံခါး
ဟာပွင့်သွားတယ်။ အာဏာရဲ့လက်အောက်ခေါင်း
ငုံမခံချင်တဲ့ အနီရောင်နှင်းဆီပန်းတစ်ပွင့် ဆတ်ကနဲခေါင်းမော့ကြည့်လာတယ်။ နောက်ပြီးသူ့အပိုင်နှင်းဆီဆူးတွေကိုဖြန့်ကျက်ရင်းလက်နက်အဖြစ်အသုံချကာကွယ်ထားတယ်။

"Kim Taehyung"

နန်းဆောင်ထဲဝင်ဝင်ချင်းမှာပင် အပျိုတော်
နှစ်ယောက်နဲ့စကားစမြည်ပြောနေတဲ့
Kim Taehyungကိုတန်းတွေ့လိုက်ရ၏။မထင်
မှတ်ပဲရောက်ချလာတဲ့King Jeonအားမြင်လို
က်ရစဥ်သကာလ အပျိုတော်နှစ်ယောက်မှာ ဘေး
တစ်ဖက်တစ်ချက်စီရှဲသွားရတော့သည်။ထို့နောက်...နောက်သို့ဆုတ်ဂါရဝပြုကာ ဧည့်ခန်းဆောင်ထဲကနေ အားလုံး ခေါင်းငုံထွက်ခွာသွားတော့သည်။

Queen Consortحيث تعيش القصص. اكتشف الآن