Part.28

13.7K 1.5K 138
                                    

Jungkook... ဖဲမွေ့ယာပေါ်ကနေကုန်းထလိုက်သည်။Taehyung တောင်းဆိုချက်က ရိုးရှင်းပေါ့
ပါးပေမဲ့သူ့အတွက် ဆယ်ပေါင်တူလိုအလွန်လေး
လံလှ၏။ မတည်ငြိမ်မူ့ကြောင့်Pheromones
နံအနည်းငယ်ပျံလွင့်လာသည်ကို Taehyungသတိ
ထားမိလိုက်တယ်။

"ရပြီ...တော်ပြီ၊ ခင်ဗျား အဆင်မပြေရင် အတင်း
လုပ်ယူစရာမလိုပါဘူး"

Taehyung လှဲနေရာမှထ ထိုင်ကာ Jungkook၏
ကျောပြင်ကျယ်ကြီးအား အနောက်ကနေသိုင်းဖက်ထားလိုက်တယ်။ နှစ်လိုဖွယ်ရာ Pheromones
အနံသည်လည်းလေထုထဲပျံလွင့်နေပြီး ၊ Jungkook မတည်ငြိမ်တဲ့စိတ်အားနှစ်သိမ့်ပေးလာခဲ့သည်။

"Taehyung ကိုယ့်ကို ခဏလွှတ်ပါဦး..."

သူက Alphaခါးပေါ်ရှိတင်းတင်းကျပ်ကျပ်ရစ်
နှောင်ထားသည့်လက်တွေကိုပြေလျှော့ပေးလိုက်တယ်။ Jungkookက အောက်ပိုင်းသပတ်တစ်
ထည်ကောက်ပတ်လိုက်ကာအခန်းပတ်ပတ်လည်
လျှောက်သွားသေး၏။ထို့နောက်တစ်ခုခုကို
ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချသည့်နှင့် ဖုန်းယူကာ
တစ်ယောက်ယောက်အားလှမ်းဆက်သွယ်လိုက်
သည်။

အခန်းထဲလေထုက ပြန်တိတ်ဆိတ်သွားပြီး၊အတွေးကိုယ်စီဖြင့်သူတို့နှစ်​ယောက်လုံးစကားမပြောဖြစ်ကျ။Taehyungအတွက်Kim မိသားစုသိက္ခာရော၊Mateရဲ့အတွင်းပိုင်းစိတ်ဒဏ်ရာကိုပါကုစားပေးဖို့အလျှင်လိုအပ်တယ်။ တစ်မိနစ်တစ်စက္ကန့်တော်Jungkookကိုမနာကျင်စေချင်။စစ်မှန်တဲ့ပျော်ရွင်မူ့အရသာကိုJungkookအားခံစားစေချင်
တယ်။

တံခါးခေါက်သံတိုးတိုးလေးထွက်ပေါ်လာပြီးနောက်၊အမူ့ထမ်းတစ်ယောက်မှာKing Jeon
ယူလာခိုင်းသော ပစ္စည်းကိုလာအပ်သည်။.
ဒါကရိုးရိုးရှင်းရှင်းသေတ္တာတစ်လုံးထက်မပို။

"ဒီကိုလာ...."

Jungkook... ထိန်းချုပ်စနစ်ဖြင့်အခန်းထဲက မီးတွေ
အားလုံးကိုထိန်ထိန်ညီးစေလိုက်သည်။သေတ္တာ
ရဲ့password ခြောက်လုံးကို ရိုက်ထည့်ပြီးနောက်
ဂျောက်ကနဲ မြည်သံနဲ့အတူပွင့်အံလာ၏။

Taehyung... Jungkookဘေး ပုဆစ်ထုပ်လေးထိုင်ကာသေတ္တာအားငေးနေမိသည်။အထဲတွင်..
King Jeon မစ်ရှစ်ထမ်းဆောင်တုန်းကဝတ်ခဲ့တဲ့
ဝတ်စုံ၊ရခဲ့ဖူးတဲ့ဆုတံဆိပ်တွေအစ အသုံးအ
ဆောင်အားလုံးတစ်စုတစ်စည်းတည်းထည့်ထား
၏။

Queen ConsortOù les histoires vivent. Découvrez maintenant