Extra(1)

11.4K 1.2K 161
                                    

မနက်ခင်းနေရောင်ခြည်နှင့်အတူRoyal blue
နိုးထလာ၏။နိုင်ငံတောင်အလံ လွှင့်ရာတွင်ကြား
နေကျ စစ်ချီတေးသီချင်းတွေကြောင့်Taehyung
အိပ်ရာမှနိုးလာခဲ့သည်။ လအတော်သင့်ရ​နေ
ပြီးဖြစ်တဲ့ဗိုက်ကမှာ တစ်ဖြည်းဖြည်းပိုပိုဖောင်း
လာပြီ။အရမ်းအိပ် စားထားသည်ကြောင့်ပါးလေး
တွေဖောင်းကားကာ အဆီပြင်လေးတွေနဲ့။ဝ ဝ
ကစ်ကစ် အသားတစ်လေးဖြစ်လာတဲ့ကိုယ့်ကိုကိုယ်ကြည့်ရင်းTaehyungသက်ပြင်းသာချမိ၏။
ခါးတွေဗိုက်တွေအကုန်ပြည့်လာသည်ကြောင့်
အရင်အဝတ်အစားတွေဘာတစ်ခုမှမတော်တော့။
အဲ့အစား အင်္ကျီပွပွ၊ဘောင်းဘီပွပွကြီးတွေနဲ့အရမ်းကိုရှိုးပဲ့တာပဲ။

ဒါ့ကြောင့် မားပြောတာ...ယောကျာ်းယူတာ
ဘာတစ်ခုမှမကောင်းဘူးတဲ့။Taehyungသိသ
လောက် ကောင်းတာလေးတွေဖယ်ပြီးရင်၊ကျန်
တာမကောင်းဘူး။ မနက်ရှစ်နာရီကျော်ပြီဖြစ်
၍ King Jeon..သူ့အနားမရှိတော့။အခု
လောက်ဆို နိုင်ငံရေးရာကိစ္စရပ်တွေနဲ့ရှုပ်ယှက်
ခတ်နေမှာ။ Jeon minseokရဲ့သရုပ်အမှန်ဖော်ထုတ်ခြင်းခံလိုက်ရသည်ကြောင့်အင်ပါယာ
ရှိပြည်သူလူထုမှာအလွန့်ပင်အံသြ တုန်လှုပ်သွား
ကျသည်။ပြီးတော့ မြို့တော်ဝန်Charlieရော။
ပြည်သူလူထုက သူတို့နှစ်ယောက်ပေါ်အင်ပါယာ
၏ သစ္စာရှိ နိုင်ငံဝန်ထမ်းတွေလို့ယုံကြည်ထားကျ
တာ။အခုလိုလည်း ဆိုရော တစ်နိုင် ငံလုံးကျွက်
ကျွက်ပါအောင်​ဆူညံလေရော။

Taehyungအတွေးတို့ကိုရပ်တန့်ကာသန်းဝေလိုက်
တယ်။ထို့နောက်လက်တစ်ကမ်းစားပွဲပေါ်ချ
ထားတဲ့အနီရောင်ခလုတ်လေးအားသုံးချက်လောက်ဆင့်နှိပ်လိုက််၏။ချက်ချင်းဆိုသလို
အပြင်ဘက်ရှိ အနီရောင်မီးသီးလေးမှာလင်းထိန်
သွားရပြီး Elisaနဲ့Rosaမှာအိပ်ခန်းဆောင်ထဲဝင်
လာခဲ့သည်။

"အရှင်... နိုးပြီလား"

"အင်း,..."

"King Jeonမင်းတို့ကိုဘာမှာထားခဲ့သေးလည်း"

"အထွေးအထူး မဟုတ်ပါဘူး အရှင်၊အရင်ထက်
ပိုပြီး ဂရုစိုက်ဖို့နဲ့မနက်ပိုင်းဆေး သေချာဝင်
အောင်တိုက်ဖို့မှာသွားတာပါ"

Elisaကသွက်လက်စွာရှင်းပြလာခဲ့သည်။
Taehyungခေါင်းညိမ့်ပြလိုက်သော်လည်းစိတ်ထဲ
တွင်တော့သိပ်မကျေနပ်။အနည်းဆုံးတော့လူကိုနှိုးပြီးချစ်တယ်ဘာညာပြောသွားသင့်သည်မလား။အခုတော့ မိုးလင်းတာနဲ့အလုပ်ရှိရာဖုတ်ခါဖင်ခါပြီး ထွက်သွားတာ။Taehyung ခြေထောက်များအနည်းငယ်ဖောယောင်နေသည်ကြောင့်Elisa
မှာတွဲကူဖေးမသည်။ ထို့နောက်...မျက်နှာသစ်
သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးနောက်မနက်စာ
စားရန်စားပွဲဝိုင်းသို့ဝင်ထိုင်လိုက်သည်။

Queen ConsortWhere stories live. Discover now