Taehyung ရုံးခန်းရှေ့မတ်မတ်ရပ်လိုက်သည်နှင့်
အခန်းတံခါးလေးမှာအလိုအလျှောက်ပွင့်လာရ
သည်။ထိုင်ခုံပေါ်လျှော့တိလျှော့ရဲမှီကာ မီးကျည်
ခဲတွေ ထွက်လုမတတ်စိုက်ကြည့်နေတဲ့မျက်ဝန်း
တွေကြောင့်Taehyungကိုယ်လေးတုန်ကနဲ။ ပုံ
မှန်Omegaတွေဆို.စိတ်တိုဒေါသထွက်နေတဲ့
Sအဆင့်ရှိAlphaကိုဝေးဝေးရှောင်ကျမည်သာ။
သို့သော် Taehyung ကသာမာန်Omegaမဟုတ်ဘူး။အတိတ်ဆိုး၊ဒဏ်ရာဟောင်းတွေကို တနင့်
တပိုးသယ်ပိုရင်း ကျားနာတစ်ကောင်လို ရူးသွပ်
နေတဲ့Omega။သူက...Jungkookရဲ့အကြည့်တွေကိုခပ်ရဲရဲရင်
ဆိုင်ရင်းဦးညွတ်ခစားလိုက်တယ်။"မင်း အတော်သတ္တိကောင်းနေတယ်ပေါ့"
Jungkook စကားကိုပြတ်ပြတ်ထင်ထင်ပြောရင်း၊
ထိုင်ရာမှ ထကာ Taehyungဆီတစ်လှမ်းချင်းလျှောက်လာခဲ့သည်။အေးစက်တဲ့ဖိနပ်သံတစ်ဘတ်ဘတ်က Taehyung ခေါင်းကိုတဒုံးဒုံးလာ
ရိုက်နေသလို။လေထုထဲပုံမှန်ထက် အေးစက်
ခြောက်သွေးခြင်းတွေသာကိန်းဝပ်နေတယ်။"မင်း Monaကို မထိပဲနေလို့မရဘူးလား၊ ဘာပဲ
ဖြစ်ဖြစ် Monaက မင်းလုပ်ချင်သလို လုပ်လို့
ရတဲ့လူမဟုတ်ဘူး"Taehyung မျက်လုံးတွေတစ်ချက်ဝင့်ကြည့်တယ်။
အကြောင်းအရာတစ်ချို့ကိုမသိရင်တော့
Jungkook.. Monaကို ကြိုက်နေတယ်လို့တွေးထင်
မိမှာပဲလေ။သိထားတော့လည်း..အားနာစိတ်၊
တာဝန်ယူစိတ်အပြည့်နဲ့ ကြာပန်းဖြူလေးကိုကာ
ကွယ်ပေးနေတာ။ဒီသူရဲကောင်းAlphaကြီးနဲ့
ဘယ်လောက်တောင်လိုက်ဖက်သလဲ။"ဒီမိဖုရားရဲရဲဝင့်ဝင့်ပြောပါရစေ။Jungkook နဲ့Mona ဘယ်လို ဆက်ဆံရေးမျိုးရှိလဲ မသိပေမဲ့၊ ကျွန်တော် နဲ့Monaကြားမှာတော့ ဘာကျေးဇူးကျွေးခံမှမရှိဘူး။ဘယ်သူ့မျက်နှာကိုမှလည်းထောက်စရာအကြောင်းမရှိဘူး။သူ လုပ်ခဲ့တဲ့အပြစ်အတွက် သူခံရတာပဲ..ဒါရှင်းရှင်းလေးပါ"
စကားလုံးတိုင်းကို ပီပီသသ တစ်လုံးချင်းပြော
လာတဲ့ Taehyungကြောင့်Jungkookပိုအနှောင့်
အယှက်ဖြစ်ရသည်။သူဒီလောက်ပြောဆိုတား
မြစ်နေတာတောင် Taehyungက နာခံမူ့လုံးဝ
မရှိဘူး။Omegaမို့လို့။Alphaဆို Jungkook တစ်ခု
ခုလုပ်မိမှာ။