Part.14

13.2K 1.5K 145
                                    

အမျိုးသားနေ့အခမ်းအနားကတော့ အားလုံးစီ
စဥ်ထားတဲ့အတိုင်းရှောရှောရူရူပါပဲ။ အင်ပါယာ
ဘုရင် Jeon jungkookဦးဆောင်ကာစစ်ခရာသံနဲ့
အတူ နိုင်ငံတော်အလံလွှင့်တင်မယ်။အင်ပါယာရဲ့
ရှေ့ရေးနောက်ရေး၊အနာဂတ်စစ်ရေးတွေအ​ကြောင်းစီကာပတ်ကုံး ဖွဲ့ရင်းKing Jeon ကမှာတမ်းခြွေတယ်။စစ်ဦးစီချုပ်တွေဦးဆောင်တဲ့ တပ်မ၊တပ်ရင်းစုတွေစီတန်းလှည့်လည်၍King Jeonအားအလေးပြုမည်။ဒီ ပုံသေ ပွဲကျင်းပရာအခမ်းအနားပဲလေ။ဘာမှထူးထွေ ဆန်းပြားသွားသည်မဟုတ်။စင်မြင်ထက်ခြေတောင့်အောင်မတ်တပ်ရပ်ပြီးနောက်၊အောက်ဆင်းကာ တော်ဝင်မိသားစုအသိုင်းအဝိုင်းကိုနှုတ်ဆက်ရသေးတယ်။အရင်နန်းကျ ဘုရင်(Taehyung ယေက္ခထီး)မှာအိုစာကာဆံပင်တွေတောင်ခေါင်းလုံးကျွတ်စွတ်စွတ်ဖြူနေပြီ။ ဇနီးသည်ကတော့ မနှစ်နွေရာသီမှာကင်ဆာရောဂါဖြင့်ဆုံးသွားသည်အတွက်ကြောင့်
အနည်းငယ်ပိုပြီးပိန်သွား၏။မေ့ပျောက်နိုင်သေးပုံမပြတဲ့ မျက်ဝန်းတွေက အတိတ်ရွေရောင်နေ့
တွေကိုတွေးပြီးတမ်းတနေသယောင်။မျက်နှာအရေပြားထက်အရေးအကြောင်းများစွာရှိသလို၊
မျက်လုံးအရောင်တွေလည်းမွဲခြောက်နေ၏။ဇရာထောင်းနေသောယခင်ဘုရင်အိုကြီးသည် သူ့သား၏နေထွက်ချိန်ကိုပြုံးပြုံးကြီးကြည့်နေခဲ့သည်။

"အဖေ...နေကောင်းပါရဲ့လား၊သား ဒီလအတွင်း
အလုပ်ပြီးတာနဲ့ အီဒိုရာကျွန်းကိုလာလည်ပါဦး
မယ်"

King Jeonစကားကြောင့် အဖိုးအိုကြီးသည် တောက်ပစွာပြုံး၏။

"ရတယ်...မင်းမလာနိုင်လဲမလာနဲ့၊ငါဒီနေရာကို
နေလာခဲ့တဲ့ကောင်ပါကွ၊မင်းဘယ်လောက်
အလုပ်ပိလည်းဆိုတာငါနားလည်းနိုင်တယ်"

"King Jeon မလာဖြစ်ရင်တောင် ကျွန်တော်
လာခဲ့ပါ့မယ်။အီဒိုရာကမ်းခြေက အရမ်းလည်း
လှသလို၊ပင်လယ်ငါးတွေ လည်းအရမ်စား
လို့ကောင်းတယ် ဆို။အဖေ ဆီ ကျွန်တော်လာ
ပြီး အတူတူ လည်ပတ်ချင်ပါတယ်"

လှပပြီးနွေးထွေးတဲ့လက်လေးတစ်ဖက်မှာအဖိုး
အိုရဲ့ လက်ကိုဆုပ်ကိုင်လာတယ်။ဝမ်းသာခြင်း၊
ပီတိဖြစ်ခြင်းတွေနဲ့အတူ ဘုရင်အိုကြီးမျက်နှာပေါ်အပြုံးတွေပွင့်လန်းလာခဲ့သည်။ထို့
နောက်Taehyungလက်ဖမိုးထက် အနမ်းတစ်ပွင့်ခြွေချလာပြီး...သားသမီးအမြန်​ဖြစ်ထွန်းပါစေကြောင်း ဆုတောင်းပေးလာသည်။

Queen ConsortWhere stories live. Discover now