အခန်း-၄၉

747 88 12
                                    

အခန်း-၄၉

သန်းခေါင်ယံ

နေ့လည်ရောက်တော့ သူ့ကို ထမင်းလာပို့ချိန်တွင် ချန်လင်ကစားပွဲမှာထိုင်ပြီး သန်းဝေနေ၏..

"ကြင်ယာတော် နေ့လည်စာ မစားဘူးလား" အရိပ်တပ်သားက တံခါးမှနေ၍မေးသည်.. "မကြိုက်ဘူးဆိုရင် ဒီငယ်သား အခုချက်ချင်း နောက်တစ်မျိုး သွားပြင်ခိုင်းလိုက်ပါမယ်"

"ရတယ်" ချန်လင်က ခေါင်းခါသည်.. "သူရော"

"ဂိုဏ်းချုပ်က ဘယ်လက်ရုံးနဲ့ ဆွေးနွေးနေတုန်းပါ" အရိပ်တပ်သားက ပြောသည်.. "သူ့ကိုစကား သွားပါးပေးရမလား ခဗျ"

"မလုပ်နဲ့"  ချန်လင်က လက်ကို ယမ်းလိုက်သည်.. "သွားစားကြ ငါ့ကို ပူစရာမလိုဘူး"

အရိပ်တပ်သားများက အလှည့်ကျ နေ့လည်စာသွားစားကြသည်....ချန်လင်ကတော့ ကိုယ့်ဘာသာ စားတာနဲ့ သူက ပြန်လာပြီးစားမယ်ပြောသွားတယ် စောင့်လိုက်မယ် ဆိုတဲ့ အတွေးနှစ်ခုကြား တော်တော်ကြာ ဒွိဟ ဖြစ်နေပြီးနောက် တူကို စားပွဲပေါ် ချလိုက်ကာ စာအုပ်တစ်အုပ်ဖတ်နေလိုက်သည်..

နောက်တစ်နာရီ ကြာလို့ ချင်ရှောင်ယွီပြန်လာချိန်မှာတော့  အားလုံးထင်ထားတဲ့ အတိုင်းပဲ စားပွဲ ပေါ် မှောက်လျက် အိပ်ပျော်နေသည့် ချန်လင်ကို တွေ့လိုက်ရသည်.. စားစရာတွေက လုံး၀ကို မထိရသေးပေ..

"လင်အာ" ချင်ရှောင်ယွီက သူ့ကို ဖြည်းဖြည်းလေးတို့ပြီးနှိုးသည်.. "ဘယ်လိုကြောင့် ထမင်းစားစားပွဲ ပေါ်မှာ အိပ်ပျော်နေရတာလဲ"

"ပြန်လာပြီလား" ချန်လင်က သန်းသည်..

"မစားရသေးဘူးလား?" ချင်ရှောင်ယွီကမေးလိုက်သည်..

......

ချန်လင် သူ့ကို ပြူးကြည့်လိုက်သည်.. မင်းပဲ တူတူစားမယ်ပြန်လာခဲ့မယ်ဆို!!!

"တူတူစားဖို့ ကိုယ့်ကို စောင့်နေတာလား?" ချင်ရှောင်ယွီက မေးလိုက်သည်..

"မင်းညီမကို စောင့်နေတာ" ချန်လင်က စွာသည်.. "မဆာလို့ မစားတာကွ"

သူဒီလိုပြောလိုက်သည်နှင့် ဗိုက်ထဲက ဂွီသံက ထွက်သွားသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now