part - 1

10.6K 287 3
                                    

သံသယများရဲ့ ​နောက်​ကွယ်​

အခန်း  ( ၁ )

"မိုး ၊ ဒါ ကိုယ့်​ရဲ့ ရည်းစား ကဗျာတဲ့  "

မိုး အ​အေး​သောက်​​နေရာမှ ​မော့ကြည့်လိုက်​​တော့ ​မောင်​နဲ့အတူ ​ကောင်​မ​လေးတစ်​​ယောက်​ကို တွဲတွေ့လိုက်ရတယ် ။ မိုးကို နှုတ်​ဆက်​ပြီး ​မောင်က ထိုကောင်မလေးနဲ့အတူ မျက်​နှာချင်းဆိုင်ခုံမှာ ၀င်​ထိုင်​တယ် ။

"ဪ ..အင်း ၊ ​တွေ့ရတာ ၀မ်းသာပါတယ်​ ကဗျာ "

မိုး အယောင်ယောင်အမှားမှားနဲ့ ပြုံးပြပြီး နှုတ်​ဆက်​လိုက်တယ် ။ မိုး မသိမသာနဲ့ ​အကဲခတ်​ကြည့်​တော့ ကဗျာဆို​တဲ့ ကောင်​မ​လေးရဲ့ အသက်​က နှစ်​ဆယ်​​လောက်​သာရှိမယ် ။ ပန်းနုရောင် ဆွဲသားအကျပ်ခါးတိုအင်္ကျီနဲ့ ဂျင်းဘောင်းဘီကို တွဲဝတ်ထားပြီး   ​ခေတ်​ဆန်​ဆန်​ နဲ့ လှပ​နေတယ် ။ဒါ​ကြောင့်လည်း ​မောင်​က ကဗျာ့ကို တွဲခဲ့တာဖြစ်မယ် ။

"ကဗျာ ၊ ဒါ ကိုယ်​နဲ့ လက်​ထပ်​မယ့် ကိုယ့်ချစ်​သူ မိုးမခ "

"ဟုတ်​ကဲ့ မမ ​၊ ​တွေ့ရတာ ၀မ်းသာပါတယ်​ ၊ ကိုကို ​ပြောပြလို့ ကဗျာ မမအ​ကြောင်းကို ခဏခဏ ကြားဖူး​နေတာ ၊ မမကို အပြင်​မှာ​တွေ့​တော့မှ လက်ခံမိတယ် ။ မမက ရိုးရိုး​လေးနဲ့ အရမ်းကိုလှတာပဲ "

"​ကျေးဇူးပါပဲ ကဗျာ ၊
ကဗျာကလည်း အရမ်းကို ချစ်​စရာကောင်းတယ် "

"​ကျေးဇူး မမ"

​​​​မိုး ကိုယ့်စကားကိုယ်​ ပြန်​ကြားပြီး ပြုံးမိသည်​။ တကယ်​​တော့ ဒီလိုအ​ခြေအ​နေက တအားရယ်​စရာ​ကောင်း​နေတာ အမှန် ။ ကိုယ့်ချစ်​သူ၊ ကိုယ် လက်​ထပ်​မယ့် ​ယောကျ်ားလေးတစ်ယောက်က သူ့ရည်းစားကို ကိုယ် နဲ့ ​လာ မိတ်​ဆက်​​ပေး​နေတယ်လေ ။ ဒါ မိုး အတွက်​​တော့ မထူးဆန်း​တော့ပါဘူး ။ ခုဆို ဒါ နှစ်​ကြိမ်​​မြောက်​ပဲ​ဖြစ်​ပါတယ် ။

​မောင့်နာမည်​ အပြည့်​အစုံက မြတ်​မင်း​မောင်​ပါ ။ ​ မိုးက​တော့ ​မောင်​လို့ပဲ ​ခေါ်တယ်​။ ​မောင်​ နဲ့ မိုး ​ကော်​ဖီဆိုင်​မှာ မ​တော်​တဆ ​တွေ့ခဲ့ကြတယ်​ ။ ​မောင့်ကို မိုးအစတုန်းက စိတ်​မ၀င်​စားခဲ့ပါဘူး ။ ​မောင်​က​တော့ မိုး​နောက်​ကို ဇွဲရှိရှိနဲ့လိုက်​ပြီး ချစ်​​ရေးဆိုခဲ့တယ်​ ။ ​အေးတိ​အေးစက်​နိုင်​တဲ့ မိုးကို ဘယ်​​ယောကျ်ားလေးမှ ကြာကြာ မလိုက်​နိုင်​ကြပါဘူး။ လက်​​လျော့သွားကြတာချည်းပါပဲ ။ ဒါ​ပေမဲ့ ​မောင်​က​တော့ အခြားသူ​တွေလို မဟုတ်​ခဲ့ဘူး။ ​နောက်​ဆုံးမှာ​တော့ မိုးလေ ​မောင့်ရဲ့ အ​ပြော​တွေ အကြည့်တွေ ​အောက်​မှာ ဒူး​ထောက်​ခဲ့ရ​တော့တယ်​ ။ ​မောင်​နဲ့ ချစ်သူဖြစ်​ပြီး မိုးသိလိုက်​ရတာက ​မောင်​ဟာ ရည်းစားများပြီး ​ပွေရှုပ်​တတ်​တဲ့ လူစားမျိုးတဲ့​လေ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now