part - 17

2.7K 111 2
                                    

အခန်း ( ၁၇ )

ဘောင်းဘီအကျပ်​ အနက်​​ရောင်​နဲ့ အကျ်​ီအနက်​လက်​ရှည်​ ၀တ်​ထားတဲ့ မိန်းကလေးတစ်ယောက် ။ ​ဆံပင်​​ခွေ​ခွေ​လေး​တွေနဲ့ ကိုယ်နေဟန်ထားက ဆွဲဆောင်မှုရှိနေတယ် ။ ဒီပုံစံကို ကြည့်ရင်း အရင်​က ဘားမှာ ​တွေ့ခဲ့တဲ့ မိန်းက​လေးကို ပြန်​သတိရ​လာတယ် ။ ယခုလည်း အရင်​လို ​ဆေးလိပ်​​သောက်​​နေတယ် ထင်​ပါရဲ့ ။ အ​ငွေ့​တွေ ​တွေ့​နေရတယ်​ ။ မိုး....များလား ။ သူ မ​သေမချာတဲ့ အ​တွေး​တွေနဲ့ လှမ်း​ခေါ်လိုက်​မိတယ် ။

"မိုး.........."

ထိုအခါ တဖြည်းဖြည်း မျက်နှာလှည့်လာတဲ့အခါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ် ။ ​သေချာသွားပြီ။ မိုးမှ မိုးအစစ်​ပါပဲ ။ ဒါ​ပေမဲ့ မြတ်​မင်းမောင် မယုံနိုင်​​သေးဘူး ။ မိုး ၀တ်​စားထားပုံက သူ မြင်​​နေကြပုံစံနဲ့ အရမ်းကို ခြားနား​နေလွန်းနေတယ် ။

"မိုး...."

"​သတိရပြီလား မောင်"

"မိုး....ဘာလို့ ဒီလို​တွေ ၀တ်​ထားတာလဲ။ ကိုယ့်ကို​ရော ဘာလို့ကြိုးနဲ့ ချည်​ထားရတာလဲ"

သူ နားမလည်နိုင်စွာနဲ့ မေးလိုက်မိတယ် ။

"​မောင့်ကို ​ပြောစရာရှိလို့​ပေါ့ "

"အေး​ဆေး​ပြောလို့ရတာပဲလေ မိုးရဲ့ ။ ကိုယ်​ နား​ထောင်​မှာပါ ။ ကြိုး​တွေ အရင် ​ဖြေပေးနော် "

"ခဏ​လေး သည်းခံပါ ​မောင်​ ၊ မိုး ​ပြောတာ​တွေကြားရင်​ ​မောင်​ မိုးကို ထားပြီး ထွက်သွားလိမ့်မယ် "

"မိုး....ဘာ​တွေ ​ပြော​နေတာလဲ၊ ကိုယ်​ နားမလည်​​တော့ဘူး"

မိုးရဲ့ စကားတွေ ၊ အမူအရာ နဲ့ လက်ရှိအခြေအနေက သူ့ကို ခေါင်းရှုပ်လာစေတယ် ။ ထိုစဉ် မိုးက ဆွေးဆွေးမြည့်မြည့် ကြည့်ရင်း ဆိုလာတယ် ။

"​မောင်​ မိုးအ​ပေါ် ဒီ​လောက်​ ရက်​စက်​တာ မိုး ဘာမှ မခံစားရဘူးထင်​​နေလား ။ မိုးက မောင်ထင်သလို သဘောထားကြီးပြီး နားလည်ပေးနိုင်တဲ့သူ မဟုတ်ဘူး မောင် ။ မိုးလည်း တခြားမိန်းက​လေး​တွေလို ​ဒေါသထွက်​တတ်​တယ်​၊ သ၀န်​တိုတတ်​တယ်​ ။ ​မောင်​တ​စ်ယောက်​ပြီး တ​စ်ယောက်​နဲ့ တွဲ​နေတာ မြင်ရတိုင်း မိုး ဘယ်​​လောက်​ထိ နာကျင်​ရလဲဆိုတာ မောင် သိမှာ မဟုတ်ဘူး ။
မောင်​ သူတို့နဲ့ အတူရှိ​နေတယ်​ဆိုတဲ့ အ​တွေးနဲ့တင် မိုး ရင်ထဲ ဓားနဲ့ ထိုးစိုက်သလို နာကျင်ခံစားနေခဲ့ရတာ ။ မိန်းက​လေး​တွေနဲ့ ​ပျော်​ပါး​နေတဲ့ ​မောင့် ဓာတ်​ပုံ​တွေကိုကြည့်ပြီး ညတိုင်း ငိုကြွေးနေခဲ့ရတာ ဒါတွေ မောင်သိရဲ့လား "

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now