အခန်း ( ၁၁ )
လေယာဉ်ဆိုက်ကပ်ပြီးနောက် လူတွေဆင်းလာကြတယ် ။ ထိုလူတွေထဲမှ အေမီ့ကို မျက်စိကစားရင်း ရှာနေမိတယ်။ ဟော.. တွေ့ပါပြီ ။ အရပ်ရှည်ရှည် စတိုင်ကျကျ နဲ့ အေမီက နိုင်ငံခြားသူတွေလို ချောမောလှပနေတယ် ။
"အေမီ "
"မြတ်မင်း "
အေမီက သူ့ကို တွေ့တော့ အပြေးလာပြီး ပွေ့ဖက်တယ် ။
"ငါ နင့်ကို သတိရနေတာ"
"ငါလဲ တူတူပါပဲ အေမီရာ ။ နင်က မတွေ့တာ ကြာလို့ ပိုတောင် ချောလာတယ်"
"အေးပါဟာ..အချင်းချင်း မြှောက်နေပြန်ပြီ"
"လာ...ငါ့ကိုအိတ်ပေး ၊ ကားပေါ်တင်ပေးမယ်"
"အင်း"
"နင့် အဒေါ်အိမ်မှာပဲ နေမှာလား..."
မြတ်မင်းမောင် ကားမောင်းရင်း ဘေးကို စောင်းငဲ့ကြည့်၍ မေးလိုက်တယ် ။
"အင်း....."
"နင် ဘယ်လောက်ကြာကြာနေမှာလဲ "
"ငါ ကျောင်းလည်း ပြီးပြီဆိုတော့ ဒီမှာ ပျော်သလောက်နေမယ် ။ ငါ့ အစ်ကိုအတွက်လည်း အလှူတစ်ခုလုပ်ပေးမလို့လေ"
"အင်း....ဘယ်မှာလှူမှာလဲ"
"ငါတို့ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်းလေ ။ အဲဒါ အသစ်ပြန်ဆောက်ဖို့ အလှူရှင်လိုနေတယ်လို့ ငါ့အဒေါ်ပြောတယ် ။ အဲ့မှာ ကိုကို့အတွက် ရည်စူးပြီး စာသင်ကျောင်းပြန်ဆောက်ဖို့ လှူမလားလို့ "
"အင်း....ကောင်းတာပေါ့။ ဒါနဲ့ နင့်အစ်ကိုက ဘာလို့ ဆုံးသွားရတာလဲ။ နင့်အဒေါ်ကိုလည်း ငါသေချာ မမေးမိဘူး "
အေမီ မျက်နှာ အမူအရာပြောင်းပြီး နာကျတေးရိပ်တွေက မျက်၀န်းမှာပေါ်လာတယ် ။
"ကိုကို လက်ထပ်မယ့်နေ့မှာ သူ့ဇနီးလောင်းနဲ့ အတူ နှစ်ယောက်လုံး ကားအက်စီးဒန့်ဖြစ်ပြီး ပွဲချင်းပြီး ဆုံးသွားခဲ့တာ"
YOU ARE READING
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romanceလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...