part - 15

2.6K 118 2
                                    

အခန်း ( ၁၅ )

"​ဘာ​တွေ ​မေး​နေတာလဲဟာ ။ ငါ့ကို ​နောက်​​နေတာလား"

သူ ရယ်ရယ်မောမောနဲ့ ပြန်မေးလိုက်တော့ အေမီက တည်ငြိမ်စွာနဲ့ ဖြေလာတယ် ။

"မဟုတ်​ဘူး၊ ငါ အတည်​​ပြောတာ ၊  ငါ နင်ကို ချစ်​​နေပြီထင်​တယ်​ မြတ်မင်း "

အရင်​ကသာ ဒီစကားကြားခဲ့ရင်​ သူ အရမ်းကို ​ပျော်​ရွှင်​မိမှာအမှန် ။ခုချိန်​မှာ​တော့ ...။

"​အေမီ....နင်​ ငါ့ကို ချစ်​တယ်​ဆိုတာ လိမ်​​နေတာ၊ နင်​ မိုးကို မ​ကျေနပ်​လို့ ဒီလို​ပြောတယ်​ဆိုတာ ငါသ်ိတယ်​"

"မဟုတ်​ဘူး မြတ်​မင်း ။ တကယ်​​ပြော​နေတာ ၊ ငါ မြန်​မာပြည်​ကို ပြန်​လာတာ ကိုကို့အတွက်​ အလှူလုပ်​ဖို့လာတာ၊ ​နောက်​တစ်ခုက နင့်ကြောင့်"

"​ ငါ မယုံဘူး ။ နင်​ မိုးကို အရမ်းမုန်း​နေတာလား ၊ ငါ့ကို နင်​ အရင်​တုန်းက ပစ်​ပစ်​ခါခါ ငြင်းခဲ့ပြီးမှ ခုချိန်မှ​ ၀န်​ခံရ​လောက်​​အောင်​ မိုးကို မုန်းနေရလား ဟမ်"

မြတ်မင်းမောင်ရဲ့ လေသံကျယ်သွားတယ် ။ အေမီ့ရဲ့ ပြောင်းလဲခြင်းက မြန်လွန်းတော့ သူ အမှန်လို့ လက်မခံနိုင်တဲ့အထိ ။ ထိုစဉ် အေမီက သူ့ကို ကြည့်ရင်း ဆိုလာတယ် ။

"ငါ သူ့ကို မုန်းတယ်​။ ဒါ​ပေမဲ့ နင့်ကိုလည်း ချစ်​တယ်​ ။ ငါ သွား​တော့မယ်​ ။ ငါ နင့်ကို ချစ်​တယ်​ဆိုတာ​တော့ နင်​ယုံ​ပေးပါဟာ"

​အေမီ ထွက်​သွားပြီးနောက် သူ  အိမ်​ကို ပြန်​လာခဲ့တယ် ။ ​အိမ်​​ရောက်​​တော့ အိပ်​ရာ​ပေါ်မှာ လှဲပြီး စဉ်းစား​နေမိတယ် ။​ တကယ်​ဆို ​အေမီ့ဆီက ချစ်​တယ်​ဆိုတဲ့ စကားကြားရင်​ သူအရမ်းကို စိတ်​လှုပ်​ရှားပြီး ​ပျော်​ရမယ်​ထင်​ခဲ့တာ၊ အေမီ ညာ​နေတာ သိလို့ထင်​တယ်​။ ဘာမှကို ထူးထူးခြားခြား  မခံစားမိခဲ့။ အေမီ လိမ်​​နေတာ​သေချာတယ်​။ မိုးကို သူမုန်း​နေလို့။ မိုးဆိုမှ ၊ မိုးဆီကို ဖုန်းဆက်​ဖို့ သူ ​မေ့​နေတာပဲ ။

ထို့ကြောင့်  မိုးကို ဖုန်းခေါ်လိုက်တယ် ။

"ဟဲလို...."

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now